အပိုင်း(1)Uni

2K 58 0
                                    

အလင်းတိုးမပေါက်တဲ့ အမှောင်ထုသည်နောက်ကနေ တောက်လျှောက်လိုက်နေသည်။ဘေးကြပ်နံကြပ်အနေအထားထဲ အသက်ကိုရှူနိုင်ရုံမျှလေးဖြင့် လဲမကျအောင် ရုန်းကန်နေရသည်။ကူညီမဲ့သူမရှိတဲ့ ဒီတောနက်ကြီးထဲ ဘာလို့ရောက်နေသလဲ ကိုယ်တိုင်တောင်မသိပါ။

သစ်ပင်တွေရဲ့  အသက်ရှုသံတိုးတိုးကိုပါ နားကကြားနေရသည်။တွန်းတိုက်နေတဲ့ လေထုကနေ လွင့်ထွက်မသွားရအောင် ကြိုးစား၍ ရုန်းကန်ပြေးလွှာနေရသည်။ခန္ဓာကိုယ်တစ်ခုလုံးလည်း ချွေးတွေရွဲနစ်နေပြီဖြစ်သည်။

တစ်စုံတစ်ယောက်ကြားပါစေလို့ ဆုတောင်းရင်း အော်ဟစ်နေတဲ့ အသံကလည်း လည်ချောင်းဝတင်ပျောက်ရှသွားသည်။နောက်ဆုံးလွှတ်မြောက်ပြီးဟု သတ်မှတ်၍ ခုန်ကျော်လိုက်ပေမဲ့ ခြေဖျားကိုလာထိတာက မြေပြင်တစ်ခုမဟုတ်ပဲ လေဟာနယ်သာဖြစ်နေသည်။

လှမ်းမိ လှမ်းရာ လက်လှမ်းဆွဲနေပေမဲ့ ဘာကိုမှဆုပ်ကိုင်မိခြင်းမရှိ။ချောက်နက်ကြီးထဲ ပြုတ်ကျနေပြီဆိုတာကို ဦးနှောက်က အသိလှမ်းရချိန် အသက်စွမ်းကျန်ရှိသလောက် ဟစ်ကြွေးအော်ထုတ်ပလိုက်မိသည်။

“အားးးးးးးးးးးးးးး”
အိပ်မက်ဆိုးကနေ ဆတ်ကနဲ လန့်နိုးလာသည်။ဒီအိမ်မက်ဆိုးတွေ ဘယ်ချိန်ထိမက်နေမလဲမသိနိုင်ပါ။ဘာကြောင့်မက်လဲတွေးစရာမလိုအောင် စိတ်အတွင်းထဲထိ ထိုးဖောက်မတတ် စူးစိုက်ကြည့်တတ်တဲ့ မဟူရာရောင် မျက်ဝန်းနက်နက်ကိုပဲပြေးမြင်မိသည်။

စိတ်အတွင်းနယ်တစ်ခုလုံးက ဖန်ပုလင်းကြည်ကြည်တစ်လုံးထဲ ပိတ်မိနေသလိုခံစားချက် မြင်တွေ့နေရပေမဲ့ ကိုင်တွယ်လိုက်တဲ့ အခါတိုင်း ဖန်သားကိုသာ ထိတွေ့မိပြီ အတွင်းထဲက ကိုယ်ပိုင်ဆိုင်သည့် စိတ်အစုကိုထိတွေ့ခွင့်မရတဲ့ ဘဝ။

ဖန်သားကိုခွဲထုတ်ရင်လည်း စိတ်နှလုံးက လေထုထဲ ရေငွေ့လို လွင့်ထွက်ကာ ရေအသွင်နဲ့ မျက်ဝန်းကနေ ထွက်ပေါ်လာမည်မို့ ချုပ်တည်းထားရပြန်သည်။ဆရာထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်သော အချစ်ဆိုသည်မှာဆိုတဲ့ အချစ်အကြောင်းသီချင်းတစ်ပုဒ်ကို သတိရမိသည်။

ကြယ်ရောင်စုံညီ...လင်းသောကြောင့်(Complete)Where stories live. Discover now