Unicode
အခန်း {၇၁}
အတိတ်အိပ်မက်
ကျူ့ယွင်ရွှမ်း ဖြည်းဖြည်းချင်းငြိမ်ကျသွားသည်ကို မြင်တော့မှ လျန်ကျန်း အသာအယာမတ်လိုက်ပြီး အိပ်ရာမှဆင်းကာ ရေနွေးသွားငှဲ့ဖို့လုပ်၏။ သူလှုပ်ရှားလိုက်တာနှင့် ကျူ့ယွင်ရွှမ်းက ဖက်တွယ်လာပြီး သူ့မျက်နှာအနှံ့ သိမ်းကျုံးနမ်းရှိုက်လာသည်။လျန်ကျန်းမှာ ပြန်လဲလိုက်ရတော့ပြီး ခပ်ဟဟရယ်လိုက်၏။ ထိုလူသားလေးကို ခပ်တင်းတင်းဖက်လိုက်ပြီးတော့ ကျူ့ယွင်ရွှမ်းနား အနားလေးကပ်ကာ အသံနိမ့်နိမ့်ဖြင့်ဆိုလေသည်။
"အားရွှမ်း အိပ်ရော အိပ်ဦးမှာလား? မင်းကိုယ်မင်း ဘာလုပ်နေတယ်ဆိုတာရော သိသေးရဲ့လားဟွန်?"
အတန်ကြာပြီး ကျူ့ယွင်ရွှမ်း မျက်လုံးမှိတ်ကာ တစ်ခွန်းရေရွတ်လာ၏။
"မင်း လေးနှစ်လုံး ဘုန်းကြီးလုပ်ခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား? ငါရောပဲလေ......"
လျန်ကျန်းက ရုတ်ခြည်း လူကိုပွေ့လျက်သား တစ်ဖက်လှည့်ချလိုက်၏။ ကျူ့ယွင်ရွှမ်းကို ဖိထားကာ အားဖြင့်သူ့လက်ကို ဆုပ်ကိုင်ထားပြီးတော့ သူ့ရဲ့အရည်တလဲ့လဲ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ဩရှရှအသံတွေပင် ပြောင်းသွားချေ၏။
"မင်း သေချာပြီလား?"
ကျူ့ယွင်ရွှမ်း မျက်လုံးထောင့်တွေမှာနီရဲနေဆဲဖြစ်သော်ငြား မျက်လုံးအိမ်ထဲအပြုံးတို့ရှိနေ၏။ သူ့ကိုယ်ပေါ်ကလူကို တည့်တည့်စိုက်ကြည့်ကာ ခပ်အုပ်အုပ်ရယ်သံပြုသည်။
"လျန်ကျန်း မင်းဘယ်တုန်းက အဖွားကြီးအိုလိုဖြစ်သွားတာတုန်း......"
နောက်တစ်ခဏ၌ လျန်ကျန်းက ပြင်းပြင်းပြပြအနမ်းတို့ဖြင့်သိမ်းပိုက်လာတော့ ကျူ့ယွင်ရွှမ်း ပြုံးလျက်မျက်လုံးမှိတ်ကာ ခေါင်းမော့ပေးထား၏။
ချစ်စိတ်ပြင်းပြနေကြသည့် နှုတ်ခမ်းနှစ်စုံဟာ ကြားလေမသွေးအောင် စုပ်ယူနမ်းရှိုက်နေကြကာ လျန်ကျန်းလှုပ်ရှားမှုတွေက ပိုမိုမြန်ဆန်လာပြီး လျှာက ကျူ့ယွင်ရွှမ်းပါးစပ်ထဲ အကြမ်းပတမ်းမွှေနှောက်နေတော့ ကျူ့ယွင်ရွှမ်းဘက်က စိတ်ပါပါဖြင့် တုံ့ပြန်လေသည်။
YOU ARE READING
မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍
Romance"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။"