ဘဝမှာ လိုချင်တာမှန်သမျှ ရနေတဲ့ဘဝကြီးကို ပျော်ပျော်ဖြတ်သန်းရမယ်လို့ ခဗျားတို့ထင်နေတဲ့ အတွေးတွေကိုက မှားနေတာ။
ငါ့ဘဝမှာ ငါလိုချင်တာတွေရော၊ မလိုချင်တာတွေရော တောင်းတစရာမလိုပဲရနေခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် တောင်းတစရာမလိုပဲ ရနေတဲ့ဘဝကြီး၊ အရာအားလုံးကို ပိုင်ဆိုင်နေရပေမဲ့ ငါဘယ်တော့မှ မရနိုင်တော့တဲ့ အရာက အချစ်ပဲ။
အမေဆုံးသွားပြီးသွားထဲက အဖေ့ဆီက အချစ်ဆိုတာမရခဲ့ဘူး ငါ့ အနားမှာလဲရှိမနေခဲ့ဘူး တစ်ချိန်လုံး ငါ့အတွက်ဆိုပြီး ငါမလိုတဲ့ ဒီငွေတွေကိုပဲ အသည်းအသန်ရှာနေတယ်။ ငါ့အတွက်လိုအပ်နေတဲ့ အချစ်၊မေတ္တာတွေဆိုတာ ငါ့အနားမှာရှိမနေဘူး။
ငါ့ဘဝကြီးက ပြည့်စုံနေတယ်လို့ကိုမခံစားရဘူး။"သခင်လေး ကျောင်းသွားဖို့နောက်ကျနေပါပြီ
ထပါတော့လား"
"ကျွန်တော်ကျောင်းနောက်ကျလဲ ကိစ္စမရှိပါဘူး
အဲ့ကျောင်းက ကျွန်တော့်အဖေပိုင်တာပဲကို"
"အန်တီသိပါတယ် သခင်လေးရယ်၊
ဒါမဲ့ကျောင်းလေးတော့ မှီအောင်သွားနော်"
"ဟုတ်ပြီ ဟုတ်ပြီ"အန်တီ အင်းက ကျွန်တော့်ရဲ့ မွေးစားအမေလိုပါပဲ၊
အမေမရှိတဲ့ နောက်ပိုင်း အန်တီကပဲ ဂရုစိုက်လာတာ ဒါကြောင့် ကျွန်တော့်ချစ်ရတဲ့ သူတစ်ယောက်ဆိုလဲမမှားပါဘူး။ အမြဲတမ်း ဘဝကြီးကိုအချစ်မရှိသလိုဖြတ်သန်းနေပေမဲ့ အန်တီအင်းရှိတော့ အနည်းငယ်တော့ စိတ်သက်သာရာရပါတယ်။တတိယနှစ် အတန်းတက်နေပေမဲ့ သူငယ်ချင်းတစ်ယောက်မှတောင် မရှိပါ။ ဘယ်သူနဲ့မှလဲ အရောမဝင်သလို၊ အိမ်ရယ်ကျောင်းရယ်၊ ရေးကူးတာရယ်နဲ့ပဲ အချိန်ကုန်ပါတယ်။ ကျောင်းရဲ့ ဘယ် activity မှာလဲ မပါဝင်သလို ကျောင်းလည်း သွားချင်တဲ့အချိန်သွားပြီး ပြန်ချင်တဲ့အချိန်ပြန်ပါတယ်။
YOU ARE READING
စေလိုရာ
Fanfic"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"