အပိုင်း ၁၅

140 25 2
                                    

"အကိုတောင်းပန်ပါတယ်နော်"
စကားပြောချင်စိတ်မရှိအောင် စိတ်ကုန်မိတယ်။ ဘာမှမဟုတ်တဲ့ အခြေအနေတစ်ခုကို ငါ့မှာရှင်းပြဖို့ င်အားမရှိ။ သူ့ရဲ့ သဝန်တိုမှုက ငါ့ကိုမွန်းကြပ်စေလာတယ်။ ငါ့မျက်ရည်ကျမှ အသိစိတ်ဝင်လာတာမျိုးမဟုတ်ပဲ၊ ငါမျက်ရည်မကျအောင်လုပ်ပေးရမှာ မဟုတ်ဘူးလား။
"ထားတော့ အိပ်ချင်ပြီ"
စိတ်ဆိုးလို့ ကျောပေးပြီးအိပ်နေပေမဲ့ အကိုကတော့ အနောက်ကနေ တင်းနေအောင်ဖတ်ပြီး ဇာတ်ကို တစ်ဖွဖွနမ်းလိုက်၊ ပွတ်လိုက်လုပ်နေတော့သည်။
"ဘာလို့ ပန်းတွေနဲ့ အလဂျစ်ရှိတာ
အကို့ကိုမပြောခဲ့တာလဲ" လို့ဆိုပြီး တိုးတိုးလေးကပ်မေးလာတယ်။
"အကိုက ပန်းတွေ၊ အပင်တွေကို ဒီလောက်သဘောကျတာကို ပြောလိုက်ရင်အဲ့ပန်းတွေအပင်တွေ အိမ်ထဲမှာတောင် နေရတော့မှာမဟုတ်ဘူး မဟုတ်လား"
"ဟော်ဘယ်လိုသိလဲ အခုတောင် စဉ်းစားနေတာ မနက်ကျ ပန်းပင်တွေရှင်းမလားလို့"
"တွေ့လား အဲ့တာကြောင့် မပြောချင်တာ"
ဟုတ်ပါတယ် ဒီအကြောင်းပြချက်ကြောင့်ပဲ မပြောဖြစ်ခဲ့တာ၊ အကိုက ပန်းတွေဆို သိပ်သဘောကျတာ ဘယ်ပန်းကဘာအဓိပ္ပာယ်လဲဆိုပြီး ရှင်းပြရတာလည်း သူသိပ်သဘောကျပြီး၊ ပြီးရင်လည်း အပင်တွေကို ရွက်သစ်တွေထွက်လာဖို့ဆိုပြီး တစ်ရက်တစ်ရက် အပင်ပန်းခံပြီး ရွက်ဝါလေးတွေကို လိုက်ခြွေနေတာ။ တကယ်တော့ ရွက်သစ်တွေထွက်လာဖို့ ရွက်ဟောင်းတွေက သူ့အချိန်နဲ့ သူကြွေမှာဆိုပေမဲ့ အကိုကတော့ မစောင့်နိုင်သူပါ။ သူပြောနေကျစရာတစ်ခွန်းကရှိသေး "အချိန်တန်တယ်၊ အချိန်မတန်ဘူးဆိုတာ ကိုယ်တိုင်ကပဲ သတ်မှတ်ရတာ သူ့အလိုလိုဖြစ်လာတာတို့၊ သူများကြောင့်တို့ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယှဉ်မှုတဲ့"
သူဒီလောက်သဘောကျပါတယ်ဆိုတဲ့ အရာတွေကို ငါနဲ့ မတည့်ဘူးပြောလိုက်ရင် သူဒီတိုင်းထားမှမဟုတ် သူစွန့်ပစ်လိုက်မှာ။ တွဲလာတဲ့တစ်လျောက် ငါနဲ့ ပတ်သက်ရင် တစ်နေ့တစ်ခြားပိုပိုဆိုးရွားလာတဲ့ သူ့ခံစားချက်တွေကို ငါကိုယ်တိုင်တောင် ကြောက်တယ်။
အထူးသဖြင့် သူကစိတ်ကူးယှဉ် မဆန်ပဲ လက်တွေ့ဆန်တဲ့ သူ့အမှုအကျင့်တွေကြောင့် စိတ်ကူးယှဉ်ဆန်တဲ့သူထပ်တော့ သူက ခန့်မှန်းရ အရမ်းကိုလွယ်ပါတယ်။
"ကျွန်တော်လည်းတောင်းပန်ပါတယ်နော်၊ ဒီနေ့လေးကို မေ့သွားလို့"
"ရပါတယ် အကိုလည်း ပန်းတွေနဲ့ မတည့်တာ မသိခဲ့လို့တောင်းပန်ပါတယ်"
နှစ်ယောက်သားတစ်ယောက်နဲ့ တစ်ယောက်တောင်းပန်ရင်း ဖက်ထားရင်းနဲ့ပဲ ပြေလည်သွားကျတယ်။
_________________
တကယ်တော့ ဖြစ်ခဲ့တဲ့ အကြောင်းအရာက ဒီလိုပါ
အလုပ်သင်ကာလ တစ်လပဲလုပ်မယ်ဆုံးဖြတ်ချထားပေမဲ့ အဖေ့လုပ်ငန်းကထင်ထားတာထပ်ပိုပြီးရှုပ်ထွေးသည်။ သင်ယူစရာများလွန်းပြီး စိတ်ဝင်စားစရာကောင်းသည်။ အားလုံးကလည်း ထင်ထားသလို သူဥေးသားလို့ ဆက်ဆံတာမျိုးမရှိပဲ တန်းတူ ညီတူဆက်ဆံပေးတယ်။
ကျောင်းမပြီးသေးတော့ တစ်ချို့အရာတွေက စာတွေ့နဲ့ လက်တွေ့ကြုံတော့ တော်တော်လေးကွာခြားသည်။
အခုမှ အလုပ်စဝင်တာခြင်းတူပေမဲ့ Dunk ကတော့ ကျွမ်းကျင်ပိုင်နိုင်စွာရှိလို့ သူ့ကို အားကျမိတယ်။
အလုပ်တွေရှုပ်လာတာနဲ့ တစ်ပြိုင်နက် အကိုကို့လည်း အချိန်မပေးနိုင်တော့ဘူး သူ့အလုပ်တွေမပြီးခင် ငါက အိပ်ပျော်သွားပြီး သူမနိုးခင်ဆို ငါကအလုပ်သွားရတော့ သူနဲ့ငါ တစ်အိမ်ထဲ တစ်ခန်းထဲနေပေမဲ့ တော်တော်လေးဝေးကွာနေတယ်။ ကျန်းမာရေးကလည်း အရင်ကထပ် ပိုဆိုးလာတယ်လို့ မသိမသာခံစားရ ဘာလို့မှန်းမသိ အိပ်ချင်မမှန်၊စားချိန်မမှန်တာကြောင့်လားမသိ။
ပုံမှန်သွားလာလှုပ်ရှားနေပေမဲ့ ပုံမှန်လို့ မခံစားရတော့တာ ကြာပြီ၊ စိတ်ကောလူကော ပင်ပန်းတဲ့နေ့တွေပါပဲ။

စေလိုရာWhere stories live. Discover now