အပိုင်း ၃၁

535 65 1
                                    

၃လကြာသော်

Phu win ကျန်းမာရေးအခြေအနေကတော့ အရင်လောက်ထိ မဆိုးရိမ်ရတော့ပေမဲ့၊ ကောင်းလာတာမျိုးတော့မဟုတ်ပါ။ အမောခံတာမျိုး၊ စိတ်ပင်ပန်းတာမျိုး လုပ်လို့မရလို့ အတက်နိုင်ဆုံး သူပျော်အော်ထားပေးရတယ်။ အဆိုးလေးကတော့ အလိုလိုက် အကြိုက်ဆောင် လုပ်နေရတော့ အရင်ကထပ်တော့ ပိုဆိုးလာတယ်။ တစ်ခုခုဆို ဂျီကျတာကတော့ အရင်ပေါ့..

"PPond....Khon Nara....Khon Nara..."
"ဗျာ..."
"ဘာလုပ်နေတာလဲ"
"စာရင်းတွေလုပ်နေတာလေ Phu win ဘာလိုချင်လို့လဲ"
"ဖက်ထားချင်လို့"
အမယ် အချွဲလေး လာလုပ်နေတာ ချစ်စရာ
"လာလာ ဖက်ထားပေးမယ်"
"အကို ကျွန်တော်နေကောင်းလာပြီဆိုတော့ အပြင်ထွက်လည်ပြီး အကိုလည်း အလုပ်ကိုအိမ်ကမလုပ်ပဲ အပြင်ထွက်ပါတော့လား"
"မလိုပါဘူး အိမ်ကနေလုပ်လည်းအလုပ်ပဲ၊ အလုပ်ထိ သွားလုပ်လည်း အလုပ်ပဲတူတူပဲကို Phuwin အနားမှာပဲ နေချင်တာကို"
"တစ်ချိန်လုံး ကပ်နေတော့တာပဲ"
"အမယ် ဘယ်သူကတစ်ချိန်လုံးရှာနေတာလဲပြောပါအုံး"
"အကိုနော် ဟွင့် ဒါနဲ့ ကျတော်မေးပါအုံးမယ် ဆေးရုံကဆင်းလာပြီးထဲက ဘာလို့ နိုင်ငံခြားမှာ ဆေးကုမဲ့ ကိစ္စကို ဖိအားမပေးတာလဲ"
"ဘာလို့လဲဆိုတော့ Phuwin ဆန္ဒအတိုင်းဖြစ်စေချင်လို့လေ သွားကုချင်တယ်ဆိုလည်း လိုက်ပေးမယ်၊ ဒီမှာပဲ ကုချင်တယ်ဆိုလည်း ဒီမှာ ဂရုစိုက်ပေးမှာပေါ့"
"ကျတော် သွားကုချင်တယ်"
"ဟမ် တကယ်ပြောနေတာလား"
ငါ့နားနဲ့ ကြားတဲ့ စကားကို ငါကိုယ်တိုင်တောင်မယုံနိုင် သူ မသွားပဲ ဒီမှာပဲ ပေတေနေတာကို အခုဘာလို့ ချက်ချင်းကြီး ဆုံးဖြတ်ချက်ချလိုက်တာလည်း ငါမသိ..ဒါမဲ့ ပိုမဆိုးလာခင် ကုသလိုက်တာ အကောင်းဆုံးဖြစ်လို့ အားလုံးကလည်း သွားကုစေချင်တာတော့ အမှန်ပါ။ ဒီထပ်ပိုဆိုးလာလေ အောင်မြင်နိုင်ချေ ရာခိုင်နှုန်းနည်းလေ ဖြစ်မှာလေ။
"အင်း တကယ်
ဒါမဲ့ မသွားခင် တစ်ခုပြောချင်တာရှိတယ်"
"အင်း ပြောလေ"
"သွားကုရင် တစ်ယောက်ထဲသွားချင်တယ်
အကို့ကို မလိုက်စေချင်ဘူး အဲ့တာ လက်ခံလား"
"မင်းဘာတွေ တွေးနေတာလည်း Phuwin မလိုက်လို့မှမဖြစ်တာကို မင်းတစ်ယောက်ထဲ မလွှတ်နိုင်ဘူး"
"တွေ့လား ထစ်ကနဲဆို ဒေါသအရင်ထွက်ပြီ"
"ဒေါသ မထွက်ပါဘူး ဒီတိုင်း"
"ဘာ ဒီတိုင်းလဲ တစ်ခုခုပြောပြီတိုင်း ဒီတိုင်းဒီတိုင်းနဲ့"
"ကို တောင်းပန်ပါတယ်နော်" ဆိုပြီး ဖက်ပြီး အာဘွားပေးလိုက်မှပဲ Phuwin မျက်နှာလေးက ပြုံးသွားတယ်။
"ကို စိတ်ပူတယ်လေ Phuwin ရယ် မင်းကိုတစ်ယောက်ထဲဘယ်စိတ်နဲ့လွှတ်လိုက်ရမှာလဲ"
"စိတ်ချပါ ကျတော်ဖြတ်ကျော်နိုင်မှာပါ"

စေလိုရာWhere stories live. Discover now