အပိုင်း ၃၄ ဇာတ်သိမ်း

3.7K 159 13
                                        

၂ပတ်ကြာတဲ့ထိ Phuwin တစ်ယောက်နိုးမလာပါ။ ဆရာဝန်ကတော့ အောက်ဆီဂျင် ပြတ်လပ်ပြီး ကိုမာအခြေအနေထိရောက်သွားလို့ သူဘယ်ချိန်နိုးလာမလဲဆိုတာ သူတို့လည်း အာမ မခံနိုင်ကြောင်း ပြောသည်။
နယ်မြေရပ်ခြားဖြစ်တာရော Visa ကိစ္စတွေကြောင့်အကြာကြီး အနားမှာနေပေးလို့ အဆင်မပြေတာကြောင့် Phuwin ကို အိမ်မှာပဲ သူနာပြုတွေနဲ့ ရွေ့ထားဖို့ ဆုံးဖြတ်ချက်ချလိုက်ရတယ်။
ကိုမာဖြစ်နေတာကြောင့် လန်ဒန်ကနေထိိုင်းထိ လူနာသယ်ရတာဆိုတော့ ၁၅-၁၆ နာရီ လေယာဉ်ခရီးစဉ် ဖြစ်တာကြောင့် အန္တရာယ်များပြီး ဆိုးရိမ်ရသည်။ သို့သော် ဘန်ကောက်ရောက်တဲ့ထိ ကြားထဲ ဘာမှ ပြသနာမဖြစ်သွားလို့ တော်ပါသေးတယ်။

"PPond, Phuwin သတိမရသေးဘူးလား"
"အင်း Forth တွေ့တဲ့အတိုင်းကိုမာဖြစ်နေတာ ဘယ်တော့မှ ပြန်သတိရမလဲ အကိုလဲမသိပါဘူး"
"အကို အဆင်ရောပြေရဲ့လား"
"ပြေပါတယ် Phuwin ကိုယုံတယ် သူဒီအခြေကို ဖြတ်ကျော်နိုင်မယ်ဆိုတာကို"
"ဟုတ် အားတင်းထားနော် PPond"

အချိန်၃လတောင်ကြာသွားခဲ့ပြီး နေ့ရက်တွေကလည်း တဖြည်းဖြည်းကုန်ဆုံးလာသည်။ ငါကတော့ ဘေးမှာ ကိုမာဖြစ်နေတဲ့ Phuwin နဲ့ အိမ်မှာပဲအချိန်ကုန်ဖြစ်တယ်။ အန်ကယ်ကလည်း ငါ့ကို Phuwin အနားမှာပဲ အချိန်မကုန်ပဲ ကုမဏီမှာ အလုပ်ဝင်လုပ်ဖို့ပြောနေခဲ့တယ်။
Phuwin ကတော့ သူ့ သူငယ်ချင်းတွေလွဲပြီး လူတွေအားလုံးကလည်း သူ့ကို မေ့သလောက်ရှိနေကြတယ်ဆိုတာ သူမသိပါ။ ဒါတောင်လူတစ်ယောက်သေသွားတာ မဟုတ်ပဲ သူတို့ကဘာလို့ ဒီလောက်နေနိုင်ကြတာလဲ။

ငါကတော့ မနက်နဲ့ည သန့်ရှင်းရေး ငါကိုယ်တိုင်ပဲလုပ်ပေးပြီး ဆေးချိတ်ကအစ ငါကိုယ်တိုင်လုပ်ပေးရမျှကျေနပ်သည်။ ညဆို ပုံပြင်ဖတ်ပြပြီး တစ်နေ့လုံးကတော့ သူ့အနားမှာပဲ အရင်ကမပြောခဲ့တဲ့ စိတ်ထဲက စကားတွေကို သူကြားအောင် ထုတ်ပြောနေလိုက်တယ်။

စေလိုရာWhere stories live. Discover now