အပိုင်း ၂၇

1.5K 104 2
                                        

နာကျင်ရက်နဲ့ ဘာလို့ ဒီလမ်းကို ထပ်လျောက်ဖို့ ရွေးခဲ့လဲဆိုရင် အကို့ ဆုံးရှုံးခဲ့ပြီးနောက် ဘယ်လောက်တောင် ပြိုလဲခဲ့ရလဲဆိုတာ မေ့မရနိုင်လို့ပါ။ မျှော်လင့်ချက်မဲ့သွားတဲ့ ခံစားချက်တော့ရခဲ့ပေမဲ့ တစ်ကြိမ်လေးမှ အကို့ကို ငါမေ့မရခဲ့ပါ။

အကို့ဆီက "အကို မင်းကို ပြန်လိုချင်နေတုံးပဲ" ဆိုတဲ့ စကားက သိပ်ကိုနာကျဉ်ရသလို
ငါသူ့ကို ချစ်တယ်ပြောခဲ့တာ အလိမ်အညာလို့ ဝန်ခံလိုက်တာကလည်း အနာကျဉ်ရဆုံး အလိမ်အညာတွေ..
တင်းနေအောင် ဖက်ထားရာကနေ ဖြည်းဖြည်းခြင်းလွှတ်လိုက်တဲ့ အကို့လက်တွေက ငါ့ကို လက်လျော့လိုက်တဲ့ပုံ၊ နှစ်ယောက်သားမျက်နှာခြင်းဆိုင် အနေအထားရှိနေပြီး တစ်ယောက်မျက်လုံးတွေကို တစ်ယောက်ဆိုက်ကြည့်နေတုံး
"Phu win ကို့ကိုချစ်ရော ချစ်ခဲ့ရဲ့လား၊ ကိုတို့ ပြန်အဆင်ပြေဖို့ မရှိတော့ဘူးလား ကိုမင်းကိုသိပ်ချစ်တယ်"တဲ့
"ကျတော်တို့ မဖြစ်နိုင်တော့ပါဘူး"
"မင်း ကို့ကိုညာနေတာ ကို့မျက်စိတွေကို သေချာကြည့်ပြီးပြော" တဲ့
ဘယ်လိုများ အကို့မျက်စိတွေကို ငါသေချာကြည့်နိုင်မှာလဲ၊ ငါအကို့မျက်လုံးတွေကြည့်ပီး ဘယ်လိုများလိမ်ရမှာလဲ။
နီးကပ်လာတဲ့ အကို့မျက်နှာနဲ့ အကို့လက်တွေက ငါ့ပါးနားကိုရောက်လာပြီး သူငါ့နှာခမ်းတွေဆိုက်ကြည့်နေတယ်။
တဖြည်းဖြည်း အနားတိုးလာပြီး ငါ့နှာခမ်းကို နမ်းဖို့ ကြိုးစားတော့ ငါ့ခေါင်းကိုတခြား တစ်ဖက်ကို လှည့်လိုက်တယ်။ အကိုကတစ်ချက်တွန့်သွားပြီး နောက်ဆုတ်ဖို့လုပ်တော့ ငါဆက်ပြီး သည်းမခံနိုင်တော့ပဲ အကို့နှာခမ်းတွေကို ငါကပဲ အရင်စနမ်းလိုက်တယ်။
ငါ့ဘက်ကမီးစိမ်းပြလိုက်တာနဲ့ တစ်ပြိုင်နက် အကိုက ငါ့နှာခမ်းတွေကို အစိမ်းလိုက်ဝါးစားမတက်နမ်းတော့တာပဲ။နူးညံတဲ့ နှာခမ်းသား နူးညံတဲ့ ပါးအိအိလေးတွေက ထိလိုက်တာ အေးအေးဆက်ဆက်အထိအတွေ့ ခံစားရ တိုက်နေတဲ့လေ နဲ့အတူ လှိုင်းသံတွေက ငါတို့နှစ်ယောက် အနမ်းတွေကို ပိုပြီး အရှိန်များလာအောင် လှုံဆော်ပေးသလို။ အချိန်အတော်ကြာ နမ်းပြီးတော့ အကို့မျက်စလေးတွေက ငါ့ပါးပေါ်ကျလာတယ်။

စေလိုရာWhere stories live. Discover now