အပိုင်း ၇

1.9K 113 3
                                        

သေးငယ်တဲ့ လစ်ဟာမှုလေးတောင်မရှိပဲ အချင်းချင်းတင်းကြပ်စွာ ဖက်ထားရင်းအိပ်ပျော်သွားကြတယ်။
မနက်မိုးလင်းတော့ ငါ့ရဲ့ ခန္တာကိုယ်က သူနဲ့ကွက်တိဝင်နေတဲ့ အနေအထားရောက်နေပြီး သူကတော့ ငါ့ကို တင်းနေအောင် ဖက်လို့ထားတယ်။

"Pond ထတော့"
"နိုးပြီလား သခင်လေး"
"အင်း ဗိုက်ဆာတယ်"
"ဟုတ်ပြီဟုတ်ပြီ ကျွန်တော်ပြင်ဆင်ပေးမှာမို့ ရေချိုးထားလိုက်နော်"
"အင်း"

ကြင်ဦးစ အတွဲတွေလိုပဲ ဟီးဟီး စိတ်ထဲက ဘာကို သဘောကျလို့ သဘောကျနေမှန်းမသိ၊ ဒီ အူကြောင်ကြောင် ကောင်လေးကို သိပ်ကိုပိုင်ဆိုင်ချင်တာပဲ။
"သခင်လေး နှာခမ်းကိုကိုက်ပြီး ဘာဖြစ်နေတာလဲ ဗိုက်အရမ်းဆာနေတာလား"
မင်းကိုစားချင်နေတာ အရူးကောင်ရဲ့
"မဟုတ်ပါဘူး အာချောက်လို့ အကုန်လိုက်မေးနေတော့တာပဲ သွား လုပ်စရာရှိတာလုပ်တော့ ရေချိုးပြီး ဆင်းလာခဲ့မယ် ကျောင်းသွားဖို့ပါ တစ်ခါတည်း ပြင်ဆင်ခဲ့"
"ဟုတ်ကဲ့"
ရိုရိုသေသေမပြောပါနဲ့ဆို ပြောလို့လဲမရဘူး၊ ဒီအကျင့်ကိုဘယ်လိုပြင်ရမလဲ မသိဘူး။

"သားနိုးလာပြီလား၊ အဖေကုမဏီဒီနေ့လိုက်ခဲ့ပါအုံး"
"မလိုက်ချင်ဘူး ကျွန်တော်စိတ်လဲမဝင်စားဘူး"
"မင်း မလိုက်လို့မရဘူး အခုနောက်ပိုင်း သနားလို့မပြောပဲနေတာ မင်းတော်တော်ရိုင်းလာတယ်နော်"
"အော်..."
"တွေ့လား စကားမဆုံးသေးဘူး ဘယ်ထသွားမလို့လဲ"
"ကျောင်းသားလေ ကျောင်းမသွားလို့ ဘယ်သွားရမှာလဲ အန်တီအင်း Pond ရော"
"Pond သားကို အရှေ့မှာစောင့်နေမယ်ထင်တယ်"
"ဟုတ် သားသွားပြီနော်၊ အဖေကျွန်တော့်ကိုခွင့်ပြုပါအုံး"

စေလိုရာWhere stories live. Discover now