ဒီလိုနဲ့ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်ကြတဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
"မနက်ဆို ပြန်ရတော့မယ်နော် Phuwin"
"အင်းလေ မပြန်ချင်သေးဘူး အခုလို ပုခုံးလေးပေါ်မှီထားရင်းနဲ့ပဲ ဒီမြို့လေးမှာပဲ နေချင်တော့တယ်"
ဒီကောင်လေးက သိပ်ကိုချွဲနေတော့တာပဲ အရမ်းကို ချစ်စရာကောင်းလိုက်တာလို့ စိတ်ထဲ တဖွဖွပြောနေမိတဲ့ အထိ။
"သိပ်ကို စကားတက်တာပဲ ထင်တောင်မထင်ထားဘူး"
"အောင်မယ် လူကို အမြဲကြမ်းကြမ်းတမ်းတမ်းပဲ ထင်နေတာလား ပြော"
ထော်နေတဲ့နှာခမ်းလေးကို ဖိနမ်းလိုက်ရ။
"မသိဘူးလေ အမြဲတမ်း သူ့စိတ်ကြည်ပဲဆိုတော့"
"ကြည့်စမ်းကြည့်စမ်း တွဲတာတောင် တစ်ပတ်မပြည့်သေးဘူး လူကိုပြောနေပြီကြည့် ငါတော့ မှားပြီနဲ့ တူပါတယ်"
"ဟားဟား"
"ပြောသာပြောတာ အကိုနဲ့ဆို ဒီလိုအေးအေးချမ်းချမ်း ဘယ်သူ့မှ မရှိတဲ့နေရာမှာ နေလိုက်ချင်တယ်"
"Phuwin နဲ့ဆို ဘယ်မှာပဲနေရနေရ အဆင်ပြေတယ်"ဒီလိုနဲ့နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက်လက်တွေ ကိုင်ပြီး၊ ကမ်းခြေရဲ့နေဝင်အလှကို ကြည့်ရင်း ပုခုံးလေးကို မှီရင်း ကျန်ရှိနေတဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းလိုက်ကြတယ်။
________
"သခင်လေး ပြန်ရောက်လာပြီလား
ဘယ်လိုတုန်းပျော်ခဲ့ရဲ့လား"
"ပျော်ခဲ့တာပေါ့ အန်တီအင်း ပြန်တောင်လာချင်သေးတာ မဟုတ်ဘူး ကျောင်းရှိလို့သာ"
"ဟုတ်ပါပြီ သခင်လေးရယ် အထုတ်တွေထားခဲ့နော် အန်တီအင်း နဲ့ Pond သယ်ပြီး အခန်းထဲပြန်ထားပေးထားမယ်"
"ဟုတ်ကဲ့ပါဗျ"
"သခင်ကြီးက မျှော်နေတာ သွားတွေ့လိုက်အုံးနော်"
"ဟုတ်ကဲ့"
YOU ARE READING
စေလိုရာ
Fanfic"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"