အပိုင်း ၂၉

1.5K 106 2
                                        

"PPond နောက်ကျသွားလိုက်တာနော် တော်သေး အဆင်ပြေပြေ ပြီးသွားလို့၊ ပွဲက စီစဉ်တာ အဆင်မပြေဖြစ်သွားနဲ့ တော်တော်လေး အလုပ်ရှုပ်သွားချက်ပဲ။ ဒါနဲ့ကားမပါဘူးဆို ဒီည ဒီမှာပဲ အိပ်လိုက်ပါလား"
"ရတယ် Lego ပွဲလည်း ပြီးပြီ ဆိုတော့ အကိုပြန်တော့မယ် ဆိုင်ကယ်ငှါးသွားလိုက်မယ်"
"ဝေးတာအကိုရာ ကျတော်လိုက်ပို့ပေးမယ်"
"အိုကေအိုကေ ဒါဆိုသွားကြမယ်"
ဒါနဲ့ပဲ Lego ကားနဲ့ အတူ ဟော်တယ်ကို ပြန်လာလိုက်တယ်။ အချိန်ကတော့ အရမ်းကြီး နောက်မကျပေမဲ့ မှောင်တာကတော့ မှောင်နေပြီ ဒီချိန်ဆို Phuwin လည်း ပြန်ရောက်နေလောက်ပြီထင်တယ်။

"အကို Phuwin က အကို့ရည်းစားဟောင်းမဟုတ်လား"
"အင်း"
"အဆင်ပြေသွားပြီလား အကိုနဲ့"
"မပြေသေးဘူး အကို ကြိုးစားနေတုံး"
"အကို အဆင်ပြေသွားရင် သူနဲ့ အတူ ဘန်ကောက်လိုက်သွားမှာလား"
"အင်း အဲ့လိုပဲ လုပ်ရမှာ
အကို သူပြန်ရင်လိုက်သွား မလို့"
"ချက်ချင်းကြီး ဆုံးဖြတ်ချက်ချလိုက်တာလား"
"အင်း ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး"

ဟုတ်တယ် Phuwin အနားမှာပဲနေချင်တယ်။ အနားမှာ ဘယ်လိုအခြေအနေနဲ့ ရှိရ ရှိရ သူ့အနားမှာနေရဖို့ဆို ဘယ်လိုပဲဖြစ်ဖြစ် နေနိုင်တယ်။

"ကဲ ရောက်ပြီ ကံကောင်းပါစေနော်အကို"
"ဂရုစိုက်ပြန် Lego"
"ဟုတ်"

ကားပေါ်ကဆင်းတော့ Phuwin နဲ့ Dunk ကို တစ်နေရာကို ထွက်သွားတာမြင်လိုက်လို့ အနောက်ကနေလိုက် သွားလိုက်တယ်။ ခပ်လှမ်းလှမ်းကနေ သူတို့ကိုကြည့်နေတုန်း Dunk က Phuwin ကိုဖွင့်ပြောလိုက်တယ်။
စိတ်ထဲ ဒေါသဖစ်သွားပေမဲ့ ငါကိုယ်တိုင်လဲ ဘာမှမတက်နိုင်ဘူး။ ဒီအခြေတစ်ခုမှ Phuwin ငါ့ကိုရွေးဖို့ ငါကြိုးစားရုံက လွဲရင်ဘာမှမတက်နိုင်ဘူး။

စေလိုရာWhere stories live. Discover now