သခင်လေးတို့ အိမ်မှာနေတာ ဘာလိုလိုနဲ့ နှစ်လပြည့်တော့မယ်။ စိတ်ထဲမှာ သိလိုက်ရတဲ့ အချက်ကတော့ ဒီကောင်လေး သိပ်ကို စိတ်သဘောထားနူးညံပြီး ကြံခိုင်ချင်ယောင်ဆောင်နေတယ်ဆိုတာပါပဲ။
ဒီကောင်လေးက ငါကာကွယ်ပေးချင်တဲ့ တစ်ဦးတည်းသော ကောင်လေးဖြစ်လာခဲ့တယ်။
ဘဝမှာ ဘာတွေလိုချင်လဲ၊ ဘာတွေလိုအပ်လဲထပ် ဘယ်သူ့ကိုကာကွယ်ပေးရမလဲဆိုတာ ငါ့ဘဝရဲ့ ပန်းတိုင်ဖြစ်လာခဲ့တယ်။
Phuwin ကိုညီလေးတစ်ယောက်လိုရော၊သူငယ်ချင်း တစ်ယောက်လို၊ ဒါမှမဟုတ် ဒါတွေထပ်ပိုတဲ့ အချစ်မျိုးနဲ့ ချစ်မိနေပြီထင်တယ်။ ဖြစ်ပေါ်လာတဲ့ သံယောဇဉ်ကြိုးတွေ ဒီထပ်ပိုမြဲလာရင် ကြုံရမဲ့ ပြသာနာတွေလည်း ပိုများလာမယ်ထင်တယ်။
ကျောလေးပုတ်ပေးရင်း..
"စိတ်ချပါ ကျွန်တော် သခင်လေးကို တစ်ဘဝလုံး စောင့်ရှောက်ပေးသွားမှာ၊ ကျွန်တော့်ဘဝမှာ ဘာမှမရှိတော့ရင်တောင် ရှိနေတဲ့ အသက်နဲ့ ကာကွယ်ပေးသွားမယ်"
ခဏလေးအတွင်း မူးပြီးအိပ်ပျော်သွားတဲ့ ဒီကောင်လေးက သိပ်ကိုခလေးဆန်ပြီး ချစ်စရာကောင်းလွန်းသည်။
ဒီကောင်လေးကို ငါချစ်မိနေတာ ဘယ်လိုအချစ်မျိုးနဲ့ ချစ်မိနေလဲ ငါမသိပေမဲ့လေ ငိုရတဲ့အချစ်မျိုး၊ ပျက်စီးသွားမဲ့အချစ်မျိုးနဲ့တော့ မချစ်ချင်တာအမှန်တရားပါ၊ ဘေးနားမှာ အမြဲရှိနေပေးပြီး ၊ ကာကွယ်ပေးပြီး ၊ဂရုစိုက်ပေးပြီး ချစ်တဲ့ အချစ်မျိုးနဲ့ပဲ ချစ်ချင်တယ်။ ကွာခြားလွန်းတဲ့ငါတို့ဘဝအပြင် လက်ခံနိုင်စရာမရှိတဲ့ လိင်တူချစ်ခြင်းတွေကြား မင်းကို ဘယ်သူမှ ပြောတာကို ငါမလိုလားဘူး ဒါကြောင့် သူငယ်ချင်းအဆင့်၊ အစေခံအဆင့်ထပ် မပိုတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။
YOU ARE READING
စေလိုရာ
Fanfic"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"