နိုးလာတော့ ဘေးမှာ ခွေခွေလေး အိပ်ပျော်နေတဲ့ အကို့လက်ကို ဖြည်းဖြည်းခြင်းဖယ်ပြီး အခန်းထဲက ပြေးထွက်လာလိုက်တယ်။
"ဟျောင့် Phuwin ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ"
"တိုးတိုးဟ ဘာလဲ"
"မင်း မနေ့က ဘာလို့ PPond အခန်းမှာ သွားအိပ်တာလဲ"
"မဟုတ်ဘူး အဲ့လိုအိပ်တာမဟုတ်ဘူး"
"အဲ့လို မအိပ်လို့ ဘယ်လိုအိပ်တာလဲ"
"ရှင်းမပြနိုင်သေးဘူး ဘေးဖယ် ရေချိုးမလို့"
"တစ်ခုခုတော့ တစ်ခုခုပဲ"
"မင်းမေဘိုးအေကို တစ်ခုခု ဘေးဖယ်"ရေချိုးခန်းထဲမှာ ရေစိမ်ရင်း ညကအကြောင်းကို ပြန်တွေးမိတယ်။ တွေးရင်းနဲ့ နှာခမ်းကိုကိုက်ထားမိသေး ကိုယ့်နှာခမ်းကိုယ် လက်နဲ့စမ်းပီး အိမ်မက်လား တကယ်လားတွေးရင်း။ အနမ်းတွေက ၁နှစ်လောက်ကြာသွားမှ ပြန်နမ်းဖြစ်ပေမဲ့ မနေ့တစ်နေ့ကလို လတ်ဆက်နေတုံး၊ Volka လို ခါးတဲ့အရသာက ဘာလို့ သူ့နှာခမ်းမှာ အဲ့လောက်ချိုနေတာလည်း ငါမသိ၊ ငါသိတာဆိုလို့ နမ်းလို့ သိပ်ကောင်းတယ်ဆိုတာပါပဲ။ ရင်ဘက်ကိုစမ်းကြည့်တော့ ရင်ခုန်နှုန်းတွေက တစ်ဒုတ်ဒုတ်နဲ့။ နှလုံးများထ ဖောက်တာလား။
"မြန်မြန်ချိုး Phuwin ရေ သွားရအုံးမယ်"
အပြင်ကနေ လှမ်းအော်နေတဲ့ Satang ကြောင့် အသိစိတ်ပြန်ကပ်ပြီး ရေကိုမြန်မြန်ချိုးလိုက်ရ။
"တော်သေးလို့ သေပီလို့တောင်ထင်နေတာ ရေချိုးတာ ဘာကိစ္စအဲ့လောက်ကြာနေတာလဲ မင်းဟိုဟာလုပ်နေတာလား"
"ဒီခွေးကောင်ကတော့ ပေါက်ကရတွေးပြန်ပြီး ဘေးဖယ်စမ်း Winny၊ မင်း ရေချိုးမှာဖြင့်သာချိုး""Gem Lotion လေးလိမ်းပေးပါအုံး"
"မင်းတို့ နှစ်ကောင် ကြိုက်နေတာလား Forth"
"အယ် မဟုတ်ပါဘူး ဒီတိုင်း ကျောက မမှီလို့ လိမ်းခိုင်းတာပါ"
"အော်...အံ့ဩဘ"
ဒီနှစ်ကောင်ကလည်း ငါ့ကိုသာ အတင်းလှိမ့်ပြောနေတာ သူတို့ကိုယ် သူတို့ကြည့်တော့ ရိုးသားတာ တစ်စက်မှမရှိ။

YOU ARE READING
စေလိုရာ
Фанфик"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"