"သခင်လေး ပြန်လာတာနောက်ကျလိုက်တာ သခင်ကြီးစောင့်နေတယ် အခန်းထဲ သွားလိုက်ပါအုံး အန်တီအင်းကို အိတ်တွေပေးခဲ့ အခန်းထဲ ယူသွားပေးမယ်"
"ဟုတ်ကဲ့"
ပြန်ရောက်တာနဲ့ ဂြိုလ်ဆိုးကစဝင်ပါတော့တယ် အဖေနဲ့ မတွေ့ရတာလည်းကြာပါပြီ တကယ်တော့
"သားနောက်ကျလှချည်လား
မင်းဘယ်တွေသွားနေတာလဲ"
"သူငယ်ချင်းတွေနဲ့တွေ့နေလို့"
"မင်းမှာ သူငယ်ချင်းရှိတယ်ဆိုတာ အဖေမသိပါလား"
"အင်းရှိတယ် ကျောင်းဂီတအသင်းက"
"အေးပါ ကောင်းပါတယ် ဒါနဲ့ Pond ဆိုတဲ့ကလေးနဲ့ရော အဆင်ပြေလား သူ့ကိုလည်း အဖေစကားပြောချင်တယ် သားထွက်ရင်ခေါ်ပေးပါအုံး"
"မလိုဘူး အခုပြောလိုက် ရှုပ်တယ်"
ဆိုပြီး အခန်းထဲကနေ ပြန်ထွက်ပြီး Pond ကိုခေါ်လာ လိုက်တယ်
"မင်္ဂလာပါ သခင်ကြီး"
"အေး မင်းကျောင်းမှာ အဆင်ပြေရဲ့လား အန်တီအင်းပြောထားလို့ အန်ကယ် အဆင်ပြေအောင်လုပ်ပေးထားတယ် စာတွေရောလိုက်နိုင်လား"
"ဟုတ် ဒီနေ့မှစဆိုတော့ အဆင်ပြေပါတယ် သခင်ကြီး"
"အေး မင်းက အန်ကယ်သားထက် အသက်ကြီးတယ်ဆိုတော့ ညီလေးလိုမျိုးစောင့်ရှောက်ပေးပါအုံးနော်"
"ဟုတ် စိတ်ချပါ သခင်ကြီး"
အခုမှ လာပြီ ဘာတွေဂရုစိုက်ပြနေတာလဲမသိ စိတ်ရှုပ်လိုက်တာ တကယ်ပါပဲ
"အေးအေး သွားနားတော့ မင်းညီနဲ့ စကားခဏပြောလိုက်အုံးမယ်"
"ဟုတ်ကဲ့ သခင်ကြီး"
"သား အဖေကုမဏီ ကိစ္စတွေအလုပ်များနေလို့ အချိန်မပေးနိုင်တာ တောင်းပန်ပါတယ်နော် ငါ့သားရော စာတွေလိုက်နိုင်ရဲ့လား"
"ရပါတယ်"
"အဖေ နောက်နှစ်ကုန်လောက် အိမ်ထောင်ပြုတော့မယ် သား"
"ဗျာ"
"မင်းအမေလဲ မရှိတာကြာပြီဆိုတော့ အဖေလဲ အိမ်ထောင်ပြုပြီး မင်းကို အမေရင်းတစ်လောက်လို စောင့်ရှောက်ပေးမဲ့လူရှာပေးမလို့လေ"
"မလိုပါဘူး မိထွေးကမိထွေးပေါ့
ဘယ်နေရာကလာမှန်းမသိ ဘယ်လိုမျိုး အမေရင်းတစ်ယောက်လိုဖြစ်သွားမှာလဲ အဖေ့လုပ်ရက်တွေကြောင့်အမေဆုံးခဲ့တာလည်း အဲ့စိတ်တွေကြောင့်ပဲ"
"မင်းစကားပြောတာ ဘာလို့ ရိုင်းတာလဲ သား"
"ကျွန်တော် မရိုင်းဘူး အမှန်တွေပဲပြောတာ အခုအဖေယူမဲ့ မိန်းမ အမေလိုမျိုးဆက်ဆံမယ်ဆိုတဲ့ မိန်းမကြောင့်ပဲ အမေသေခဲ့တာ အဖေနဲ့ အဲ့မိန်းမကြောင့်"
ဆိုပြီး စကားဝိုင်းထဲကနေ ပြေးထွက်လာခဲ့လိုက်တယ်။
ကျွန်တော့်ဘဝတစ်ခုလုံးပြိုလဲခဲ့တာ အဲ့မိုင် ဆိုတဲ့ မိန်းမကြောင့် အမေနဲ့အဖေရဲ့ သာယာတဲ့ ဘဝကို အဲ့မိန်းမဝင်လာပြီးထဲက အမေက စိတ်ဆင်းရဲပြီး အဲ့စိတ်နဲ့ပဲ နှလုံးရောဂါဖြစ်ပြီးသေခဲ့တာ။ အဖေကိုမုန်းတယ် အဲ့ မိုင်ဆိုတဲ့ မိန်းမကိုလည်းမုန်းတယ် အားလုံးကိုမုန်းတယ်။
YOU ARE READING
စေလိုရာ
Фанфикшн"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"
