"အိုဟိုး စာမေးပွဲတောင်ပြီးပြီ မင်းဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ Phuwin"
"ငါကတော့ အဖေ့ကုမဏီကိစ္စတွေပဲပေါ့ မင်းကရော"
"အင်း ငါကတော့ အိမ်ခဏပြန်မယ်
ပြီးရင် ငါ audition ဝင်ဖြေမလားလို့လေ"
"လုပ်လေ Forth မင်းက ရုပ်လည်းချောတယ် အသံလည်းကောင်းတယ်ဆိုတော့ ဖြစ်နိုင်မှာပါ"
"အေး ကျေးဇူးကွာ ငါ Idol ဖြစ်သွားရင် မမေ့ဘူး ငါ့လက်မှတ်အခုထဲကယူထားမလား Phuwin"
"မလိုပါဘူး မင်းမမေ့ရင်ပြီ"
"မေ့စရာလား ဒါနဲ့ မေးပါအုံးမယ်PPond ရော
သိပ်မတွေ့ဘူးဖြစ်ဘူးနော်"
"အေး သူအလုပ်သင်ဆင်းတဲ့ ကုမဏီက သူ့ကိုသဘောကျတယ်လေ၊ ဘွဲ့တောင်မရသေးဘူး အလုပ်ရတော့မယ် မင်းမသိလို့ အလုပ်သင်ဆင်းတာတောင် သူက အသေကြိုးစားလုပ်တာ ညဆိုလည်းမအိပ်ဘူး"
"ဟုတ်လား အေး သူက နဂိုထဲက စိတ်အားထက်သန်တဲ့ သူဖြစ်နေတာကို"
ဟုတ်တယ် အကိုက သိပ်ကိုစိတ်အားထက်သန်တာ တစ်ခုခုဆို မရရအောင်ကြိုးကြိုးစားစားလုပ်တယ်၊ ကိစ္စသေးသေးလေးကနေ အကြီးကြီးထိ သူကတန်ဖိုးထားတယ် အမှားအယွမ်း အဖြစ်မခံဘူး။
"အင်း"
"မင်းမျက်နှာကဘာဖြစ်တာလဲ ပြောပါအုံး"
"ဘာမှမဖြစ်ပါဘူး တွဲတာ ၂နှစ်ပြည့်သွားပြီလေ၊ ဒါမဲ့ အရင်လို သိပ်ပြီး နွေးနွေးထွေးထွေးတောင် မခံစားရတော့ဘူး"
"လျောက်တွေးပြန်ပြီ ဟိုကမင်းကိုချစ်တာမှတုန်နေရော ငါတို့တောင်အားကျရတာကို"
"မင်းမသိပါဘူး အချစ်ခံရတာလွယ်တယ်မှန်းထင်လား သူက အရမ်းသဝန်တိုတက်တာ တစ်ခါတစ်လေ မွန်းကြပ်နေရောပဲ"
"မင်းကလည်း မိန်းမတစ်ယောက်ကိုချစ်တာနဲ့ ယောကျာ်းတစ်ယောက်ကိုချစ်ရတာ ပိုခက်တယ်ကွ လူတွေက ယောကျာ်းခြင်းက ပိုပြီးနားလည်းလွယ်တယ်ထင်ကြတာ တကယ်တော့ ပိုတောင်ခက်သေး မိန်းမတွေကို နားလည်ရခက်တယ်ဆိုတာ အလကား ငါတို့ယောကျာ်းတွေက ငလိမ်တွေခံစားချက်ကိုထုတ်မပြတက်တာတို့ မာနတို့နဲ့ တော်တော်နားလည်းခက်ပြီး ချစ်ဖို့ခက်ခဲတယ်ကွ"
တကယ်တော့ အကိုကသိပ်ကိုနားလည်ရလွယ်ပါတယ်။ သူကဟန်မဆောင်ဘူး သူချစ်ရင်ချစ်တဲ့ပုံစံတိုင်းနေပြီး မုန်းရင်လည်း မုန်းတဲ့ပုံစံတိုင်းပဲ။ အထူးသဖြင့် Dunkကိုပေါ့။ လွန်ခဲ့တဲ့ လပိုင်းက ဖြစ်တဲ့ပြသနာပြီးထဲက သူကတစ်ခုခုဆို စိတ်တိုလွယ်ဘူး မယုံကြည်တော့ဘူး။ အလုပ်ဆိုလည်း လာကြိုပြီး တစ်ချိန်လုံးဖုန်းဆက်တယ် ဒါ့အပြင် အိမ်ကပန်းပင်တွေလည်း တစ်ပင်မကျန်ရှင်းပစ်လိုက်တယ်လေ။ ဒါက နားလည်းရခက်တယ်ထင်ရလို့လား။
___________
"Hello Phuwin အကိုလာခေါ်မယ်နော် နောက်ကျမလားတော့မသိ အလုပ်ကိစ္စနဲ့ ကုမဏီပြန်သွားရမှာ ဒါမှမဟုတ် ပြန်နှင့်မလား"
"ရပါတယ် လာမခေါ်နဲ့တော့ ကျတော် ဒီနေ့ Forth တို့နဲ့ ဘားသွားမလို့"
"ဘယ်ဘားလဲ"
"မသိသေးဘူးရောက်ရင်စာပို့ထားပေးမယ်"
"အင်း အပြန်ကျဝင်ခေါ်မယ်ဒါဆို"
"ဟုတ်ပြီ"
YOU ARE READING
စေလိုရာ
Фанфикшн"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"
