အချိန်တွေ ကုန်လာလိုက်တာ ၁နှစ် ကျော်သွားပါပြီ ငါလည်း အကိုနဲ့ ပတ်သက်ပြီး တစ်ဖြည်းဖြည်းနေသားကျလာသလို ကျန်းမာရေးကတော့ အရင်ထပ်ပိုပြီး ဆိုးလာပါတယ်။ ဆရာဝန်ပြောတာကတော့ နှလုံးကြွက်သား အရင်ထပ်ပိုအားနည်းလာတာတဲ့ ဒီနှစ် အတွင်း နံလန်ထူလာအောင်ကြိုးစားပေမဲ့ ပိုပြီး သက်သာလာတာမျိုးတော့ မဟုတ်ပါဘူး။
PDunk ကတော့ ငါ့ကိုအရင်ထပ်ပိုပြီး ဂရုစိုက်ပေးလာသလို အရင်ထပ်ပိုပြီးလည်းရင်နှီးလာတယ်။
အကို့နဲ့ ပတ်သက်ပြီးတော့ သတင်းကတော့ ဘာမှမကြားရပါဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရသလို သူဘာတွေလုပ်နေလဲ ဘယ်မှာရှိနေလဲလဲမသိရပါဘူး။ ဒါမှမဟုတ် သူဘန်ကောက်မှာပဲ ရှိမနေတော့တာလား။"Phuwin ဆေးသောက်ပါအုံး"
"ကျေးဇူးပါ အကို
ဒါနဲ့ အကို ကုမဏီမှာ အဆင်ပြေရဲ့လား"
"ပြေပါတယ် အန်ကယ်အလုပ်တွေ အကို ကူပေးထားတာမို့ စိတ်ပူစရာမလိုပါဘူး၊ ဒါမဲ့ မင်းကျန်းမာရေးက အခြေအနေဆိုးလာတာ နိုင်ငံခြားမှာ သွားကုကြမလား အကိုလိုက်ပေးမယ်လေ"
"မသွားချင်ပါဘူး ဒီမှာကုကြည့်ပါအုံးမယ် ဒါနဲ့အကို မာစတာ မတက်တော့ဘူးလား"
"အကို မတက်ချင်သေးလို့ အဲ့တာကိုမပူပါနဲ့ ကိုယ့်ကျန်းမာရေးပဲ ကိုယ်အရင်ပူပါ အချိန်မလွန်ခင်သွားတာ မကောင်းဘူးလားဟင် အကိုစိတ်ပူလို့ပါ"
"ရပါတယ် ကျတော့်ကိုယ် ကျတော်သိပါတယ်"ခပ်လှမ်းလှမ်းကနေ လှမ်းမြင်လိုက်ရတာ Forth!
"Ai Forth ဘယ်လိုရောက်လာတာလဲ"
"လွမ်းလို့ပေါ့ ကိုယ့်သူငယ်ချင်းကို"
"အမယ် အပိုတွေ"
"မင်း ငါတို့နဲ့ ခရီးလိုက်ခဲ့ပါလား အိမ်မှာပဲနေရတာ ပျင်းနေမှာဆိုးလို့ နှစ်ကုန်ဆိုတော့ ငါတို့ ဖူးခက်မှာ New Year သွားအော်ကြမလား"
"အေး ဘယ်တော့လဲ"
"မနက်ဖန်"
"ဟျောင့် ချက်ချင်းကြီး"
"အေး ချက်ချင်းကြီးဖြစ်သွားတာ PDunk လည်းလိုက်ခဲ့လေ ဒါမဲ့ ၁ပတ်လောက်ကြာမှာ အကို့အလုပ်နဲ့ အဆင်ပြေပါ့မလား"
"အင်း အကို မနက်ဖန်တစ်ခါတည်းတော့ မရဘူး သပတ်ခါလောက်ဆို အကိုလိုက်ခဲ့မယ် သွားနှင့်ကျလေ"
"အိုကေ ဒါဆို မနက်ဖန်လာခေါ်မယ်နော် အချစ်ကလေး"
"မင်းအဖေကို အချစ်ကလေး"
"နေမကောင်းတာရော ဟုတ်ရဲ့လား ဒီလောက်ဆဲနိုင်တာ"

YOU ARE READING
စေလိုရာ
Fanfiction"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"