အပိုင်း ၂

2.7K 150 4
                                        

ရုတ်တရက် အဖေနဲ့ အမေလှေမှောက်တယ်ဆိုတဲ့ စကားက အိမ်မက်ဆိုးတစ်ခုလိုပါပဲ။
ငယ်ငယ်လေးထဲက အဖေနဲ့ အမေရဲ့ အဆင်မပြေမှုတွေကြားက မွေးဖွားလာတဲ့ သားတစ်ယောက်အနေနဲ့ အဖေနဲ့ အမေကို ကောင်းကောင်းမွန်မွန်တောင် မထားရသေးပဲ ကျွန်တော့်ကို ထားပြီး ထွက်သွားကြပြီတဲ့လား။
ကျွန်တော့်ဘဝမှာ အိမ်မက်ဆိုတာတခြားလူတွေလို အောင်မြင်ချင်တာမျိုး မဟုတ်ပဲ ကျွန်တော်ချစ်တဲ့လူတွေကို ကာကွယ်ပေးချင်တာပါ။
အဖေနဲ့ အမေကို မကာကွယ်ပေးနိုင်၊မစောင့်ရှောက်ပေးနိုင်တဲ့ ကိုယ့်ကိုကိုယ်မုန်းမိတယ်။ အိမ်မက်မရှိတော့တဲ့ ဘဝကြီးက ဒီတိုင်းပဲ သေလိုက် သင့်တယ်မဟုတ်လား? အတွေးတွေနဲ့ အမေနဲ့အဖေ နားရေးရှေ့တင်တစ်ငေးတစ်မော ထိုင်နေတုန်း

"သားငယ်လေး တူလေး"
ရုတ်တရက် ခေါ်လာတဲ့ အသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ အဖေရဲ့ အမ အန်တီအင်းဖြစ်နေတယ်။ အန်တီအင်းက ဘန်ကောက်ကိုသွားပြီးထဲက တစ်ခါမှ ပြန်မလာတော့လို့ ရုပ်ကိုတောင် သေချာမမှတ်မိတော့ အသက်လည်းတော်တော်လေး ကြီးနေပြီ။
"သားငယ်လေး အန်တီ နဲ့ဘန်ကောက်လိုက်ခဲ့နော်၊
သားကို အန်တီစောင့်ရှောင့် ပါရစေ
နာရေးပြီးတာနဲ့ မြို့ပေါ် သွားကြမယ်နော်"
"ကျွန်တော်မလိုက်ချင်ဘူး"
ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့ဘူး၊ ငါ့ကြောင့် ငါ့အဖေနဲ့အမေသေရတာ၊ တခြားဘယ်သူ့ကိုမှ ငါ့ကြောင့် ဒုက္ခမပေးချင်တော့ဘူး။
"သားငယ်လေးရယ် ဘာမှအားနာတာမျိုး၊ စိတ်မကောင်းဖြစ်တာမျိုး မဖြစ်နဲ့ အန်တီအင်းမောင်အရင်းရဲ့ သားဆိုတာ အန်တီသားလိုပါပဲ သားသာဆန္ဒရှိရင် အန်တီသားဆိုပြီး မွေးစားလိုက်မှာ အော်ဟော်ကြာပါတယ် မြို့ပေါ်ရောက်တာနဲ့ အန်တီအင်း သားဖြစ်သွားပြီနော်"
မျက်ရည်တွေကျရင်းပြောနေတဲ့ အန်တီအင်းကြောင့်
ငြင်းဆန်မနေတော့ပဲ ခေါင်းညိမ့်လိုက်တော့ အန်တီအင်းက ကျွန်တော့်ကိုဖက်ထားရင်း
"တစ်ဘဝလုံး စောင့်ရှောက်ပေးပါမယ်"တဲ့ ဆိုပြီး ခေါင်းလေးကိုပုတ်ပေးနေတော့ ကိုယ်တိုင်လဲ မျက်ရည်တွေ ထိန်းမရငိုချလိုက်ရတော့တယ်။

စေလိုရာWhere stories live. Discover now