အပိုင်း ၈

1.8K 116 2
                                        

နိုးလာတော့ အခန်းတစ်ခန်းထဲရောက်နေတယ် ပြတင်းပေါက်တစ်ခု ဆိုဖာတစ်လုံးနဲ့ ဘေးမှာလည်း ထိုင်လျက်အိပ်ပျော်နေတဲ့ Pond
နေရောင်ထိုးနေတဲ့ Pond မျက်နှာက တော်တော်ကိုကြည့်ကောင်းလွန်းတယ်၊ မျက်နှာအကျ၊ နှာခေါင်း မျက်ခုံး အားလုံး ပြည့်စုံလွန်းတယ် ငါသူ့ကို မင်းသားပဲ လုပ်ဖို့ မြှောက်ပေးလိုက်ရမှာ အယ်အဲ့တာဆို သူငါ့နားမှာ မနေပဲ အလုပ်တွေပဲရှုပ်နေမှာပေါ့ မဖြစ်သေးပါဘူး ငါ့အနားမှာ တစ်သက်လုံး နေဖို့ဆို ဘာလုပ်ခိုင်းရင်ကောင်းမလဲ..ဟီးဟီး ဘာတွေလျောက်တွေးနေတာလဲ ကိုယ့်ကိုကိုယ်ပဲ အရင်ကြည့်ပါအုံးဟ အခုဆေးရုံကုတင်ပေါ်မှာဟ

ဒါနဲ့ မနေ့ညက မေ့လဲသွားတာဆေးရုံပါရောက်လာတာနဲ့ တူတယ်၊ စိတ်ညစ်လိုက်တာ ဒီခန္တာကိုယ်ကြီးနဲ့ ဘာမှစိတ်လိုက် မာန်ပါလုပ်လို့မရဘူးပဲ တော်ကြာ ငါ့ကိုယ်ငါတောင် မသိလိုက်ပဲ နိဗ္ဘာန် ရောက်သွားမှ သာဓုခေါ်နေရအုံးမယ် မဖြစ်ဘူးမဖြစ်ဘူး သေတော့မသေချင်သေးဘူး ငါသေသွားရင် ဟိုမိန်းမ အားလုံးပိုင်ဆိုင်သွားမှာ မဖြစ်ဘူး မဖြစ်ဘူး!!

"Pond Pond ထအုံး"
"သခင်လေးနိုးပြီလား ကျွန်တော်ဆရာဝန် သွားခေါ်ပေးမယ် ခဏလေးစောင့်နော်"
"မလိုဘူး ညက ဘယ်လိုဆက်ဖြစ်သွားတာလဲ ငါ့ကိုမင်းသယ်လာရမှာပေါ့"
"သခင်လေး မေ့လဲသွားလို့ ကျောပိုးပြီး ဆေးရုံကိုသယ်လာရတာပေါ့"
"ဟင် မလေးဘူးလား"
"မလေးပါဘူး သခင်လေးက ပေါ့ပေါ့လေး"
"အမယ် ထားပါ အိမ်ကလူတွေရော သိသွားကြပြီလား"
"ဟုတ် ညက ကျွန်တော်လဲ အရမ်းစိတ်ပူပြီး အန်တီအင်းကို ဆက်သွယ်လိုက်တာ သခင်ကြီးပါသိသွားတယ် ကျွန်တော်တောင်းပန်ပါတယ်"
"မလိုပါဘူး ငါနားလည်ပါတယ် မင်းနေရာမှာ ငါဆိုလည်း အဲ့လိုလုပ်မှာပဲ"
"သခင်လေးခဏစောင့်အုံးနော် ကျွန်တော်ဆရာဝန်သွားခေါ်ပေးမယ်နော်"
"အင်းအင်း"
ငါနိုးလာတာကို တော်တော်စိတ်လှုပ်ရှားနေတဲ့ပုံပဲ၊ ငါလည်းဘေးနားကလူတွေကို ဒုက္ခပေးဖို့ မွေးဖွားလာတာလားတောင် မသိပါဘူး။

စေလိုရာWhere stories live. Discover now