အနမ်းတွေ အချိန်အတော်အကြာလေး နမ်းပြီးတော့ နှစ်ယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကိုင်ထားရင်း အကြည့်ခြင်းစုံထားလျက်။
ရင်ခုန်သံတွေကလည်း လှိုင်းသံတွေကို ဖုံးမတက်ကျယ်လောင်စွာ မြည်နေတော့တယ်။
နူးတဲ့ နှာခမ်းသား၊ အိစက်နေတဲ့ ပါးအထိအတွေ့၊ အသက်ရှူလိုက်တိုင်းခံစားရတဲ့ လေဖြည်းဖြည်းလေး၊ တိုးဝေ့နေတဲ့လေ ကြောင့် အေးစက်နေတဲ့ အထိအတွေ့ တွေက သိပ်ကို ကြည်နူးဖို့ကောင်းလွန်းသည်။
"P'Pond"
ရုတ်တရက် အကို လို့ တပ်ခေါ်လိုက်တဲ့ နာမ်စားကြောင့် အနည်းငယ် အံ့ဩမိတယ်။
"သခင်လေးဘာလို့ P'pond လို့ခေါ်တာလဲဗျ"
"ဒီတိုင်းခေါ်ချင်လို့ အကိုလို့ ခေါ်လို့မရဘူးလား
ကျွန်တော့်ထပ်လဲကြီးတာပဲကို"
"ရုတ်တရက်ကြီး စကားအသုံးအနှုန်းတွေက
တစ်မျိုးဖြစ်နေလို့ပါ အမြဲတမ်း မင်းနဲ့ငါပဲသုံးနေတော့ အခုလိုခေါ်လိုက်တော့ စိတ်ထဲတစ်မျိုးခံစားရလို့"
သူကတော့ ငါ့ကို ပြုံးပြီး ထပ်ပြောတဲ့ စကားက
"ကျွန်တော် အကို့ကိုသဘောကျတယ်" တဲ့
"ကျွန်တော့်ချစ်သူဖြစ်ပေးလို့ရမလား" တဲ့
ဘာပြန်ပြောလို့ ပြန်ပြောရမှန်း မသိတော့ဘူး၊ မရဘူးပြောလိုက်ရင်လဲ သူစိတ်ကျေနပ်မှမဟုတ် သူဝမ်းနည်းမှာကို အရမ်းဆိုးရိပ်တယ်၊ ဒါမဲ့ ရတယ်လို့ကလည်း ပြန်ပြောလို့မရဘူး အခြေအနေတွေကွာခြားတဲ့ ငါတို့ နှစ်ယောက်ချစ်ခြင်းတွေကို နာကျဉ်စရာတွေအဖြစ် မပြောင်းလဲနိုင်ဘူး ငါဘာပြန်ပြောလိုက်ရပါ့မလဲ။
"မဖြစ်နိုင်လောက်ပါဘူး သခင်လေးရယ်၊ အခုလိုခေါ်နေတာရော အခုလိုပြောနေတာရောက အဆင်မပြေပါဘူး"
"အကို ကျွန်တော့်ကိုငြင်းလိုက်တာလား၊ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်က ရှေ့တစ်လှမ်းတိုးရင် အကိုက နောက်တစ်လှမ်းဆုတ်တယ်။ အနည်ဆုံးတော့ ကျွန်တော့် အသုံးအနှုန်းတွေပြောင်းတဲ့ အချိန်မှာ အကိုလည်း သခင်လေးလို့တော့ မခေါ်သင့်တော့ဘူးမဟုတ်လား"
"အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး အကို...က"
"ဆက်ပြောလေ"
ငါဘယ်လိုဆက်ပြောရမှာလဲ Phuwin ရယ်..
"အကို မင်းကိုမချစ်လို့၊ အဲ့အသုံးအနှုန်းတွေကို မကြိုက်လို့ မဟုတ်ပါဘူး ဒီတိုင်း မင်းရင်ဆိုင်ရမဲ့ အခက်အခဲတွေကို မရင်ဆိုင်စေချင်လို့ပါ မင်းခက်ခဲနေမှာ မကြည့်ရက်ပါဘူး ပြီးတော့ အကိုတို့က မဖြစ်နိုင်ကြပါဘူး"
"ဘာတွေဖြစ်လာဖြစ်လာ အကိုက ကျွန်တော့် အနားမှာရှိနေပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား ပြီးတော့ အခုလေးတင် ကျွန်တော်တို့ နမ်းခဲ့တာလေ ပြီးတော့ဒါကျွန်တော့်ပထမဆုံအနမ်းဗျ"
"တကယ်တော့ အကို့အတွက်လဲ ဒါပထမဆုံးပါပဲ"
"အင်းလေ ဒါဆိုပြီးနေပြီပဲကို ကျွန်တော် အကို့ကိုချစ်တယ်၊ အကိုလဲကျွန်တော့်ကိုပြန်ချစ်လိုက်ရနေတာပဲ အမြဲအလိုလိုက်နေပြီး ဒါကျဘာလို့ အလိုမလိုက်တော့တာလဲ"
"မဟုတ်ပါဘူး"
"တော်ပြီ အခန်းပြန်တော့မယ်"
စိတ်ကောက်ပြီး ထထွက်သွားတဲ့ ထိုကောင်လေးကို တားဖို့ အင်အားမရှိ၊ ငါဘာလုပ်နိုင်မှာလဲ။ မမှီတဲ့ပန်းကို ခူးလို့မှမရတာ ကိုယ်တိုင် ပျိုးတဲ့ ပန်းလေးကို သန်မာအောင်ပျိုးရုံကလွဲရင် ငါဘာမှမတက်နိုင်။ ငါပျိုးတဲ့ ပန်းလေးကို ငါကိုယ်တိုင်ပဲ ခူးယူပြီး ငါကိုယ်တိုင် ငြိုးငယ်သွားအောင်လုပ်မိရင်ဘယ်လိုလုပ်မလဲ။
တကယ်တော့ မင်းချစ်မချစ် ကိုယ်ကမင်းကိုအမြဲတမ်းချစ်သွားမှာပါ Phuwin.
မျက်ဝန်းတွေက စကားလုံးတွေကို ပြောဖို့ ဖွင့်ကျလိုက်သလိုပဲ မျက်ရည်များစွာပါးပြင်ပေါ် စီးကျလာပြီး
ရင်ထဲမွန်းကြပ်လာတယ်။ မျက်လုံးတွေ မှိတ်ထားရင် ဟာလာဟင်းလင်းဖြစ်နေပြီး နာကျဉ်နေတဲ့ နှလုံးသားကို ဖိကိုင်းရင် ငိုချမိတယ်။
အခန်းပြန်သွားတဲ့ Phuwin နောက်ကို ခဏလောက်နေတော့ ပြန်လိုက်လာတယ်။
အခန်းထဲရောက်တော့ကျောပေးပြီး အိပ်နေတဲ့ Phuwin ကိုအနောက်ကနေဖတ်ထားလိုက်တယ်။
ဘဝမှာ ဆုပ်ကိုင်ထားတာတွေ လွှတ်ချဖို့လိုအပ်တဲ့ အချိန်တွေလည်း ရှိတယ်၊ ဒါမှမဟုတ် ပြန်စွဲထားတဲ့ အချိန်တွေလည်း ရှိတာပဲ။ ကိုယ်အမြဲတမ်း မင်းကိုလွှတ်ချဖို့ရော၊ ပြန်စွဲဖို့ရော အားမရှိပါဘူး၊ ကိုယ်တက်နိုင်တာဆိုလို့ မင်းဘေးနားနေပေမဲ့ မင်းလိုအပ်တဲ့ အချစ်တွေကို ပေးဖို့ သက်သက်ပါပဲဆိုတာ မင်းသိရဲ့လား။
"တကယ်လို့ ကိုယ်မင်းရဲ့ ဆန္ဒတွေဖြည့်စည်းပေးရင် မင်းတကယ်ပျော်ရွှင်မှာလား အကယ်၍များ တစ်နေ့ကျ မင်းအခုပြောခဲ့တဲ့ စကားတွေကိုရုတ်သိမ်းလိုက်တဲ့ အခါကျရင် ကိုယ်က မင်းဘေးကထွက်သွားပေးရမှာလား မင်းကိုယ့်ကို ဂတိတစ်ခုပဲပေးပါ ချန်လဲမထားခဲ့နဲ့၊ စောင့်လဲမစောင့်ခိုင်းပါနဲ့"
ကျောပေးထားတဲ့ Phu win က လှည့်လာပြီး
"ဂတိပေးတယ် ချန်လဲမထားခဲ့ဘူး၊ စောင့်လဲမစောင့်ခိုင်းဘူးလို့ ဟုတ်ပြီလား"
"အင်း"
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် အချိန်အတော်ကြာလေး ဆိုက်ကြည့်ပြီး၊ အနမ်းတွေထပ်ပြီး ဖလှယ်လိုက်တယ်။
သေချာတာတစ်ခုကတော့ ငါသူ့စကားတွေကို ဘယ်လိုမှမငြင်းဆန်နိုင်ဘူးဆိုတာပါပဲ...ငါသူ့ကိုယုံကြည်တယ် သူ့ဂတိတွေ တည်မယ်လို့။
"အကို ကျွန်တော့်ကို ချစ်လား"
"ချစ်တယ်"
"ကျွန်တော်လဲချစ်တယ်"
_________
အခန်းငယ်လေးထဲမှာ တစ်ယောက်ထဲအထီးကျန်စွာ လှဲနေမိတယ်။ အမြဲတမ်းလိုတိုင်းရနေတော့ လိုတာမရတော့ စိတ်ထဲ အဆင်မပြေဘူး ဒါမဲ့လည်း ငါလက်ခံရမှာပဲ မဟုတ်လား ဖြစ်ခဲ့သမျှအရာအားလုံးက ငါ့ဘဝနဲ့ သက်ဆိုင်နေခဲ့တာကို ငါသာသခင်လေးဟုတ်မနေခဲ့ရင် သူငါ့ကိုပြန်ချစ်လောက်မလား..
ချစ်နေခြင်းကိုဖယ်ကြည့်လိုက်ရင် အရာအားလုံးက ဒဏ်ရာတွေကြည်ပါပဲ ဘာကြောင့် ငါငိုမိလဲမေးရင် သိပ်နာကျဉ်လို့ပဲဖြေရပါလိမ့်မယ်။
ငါ့ဘဝထဲ ငါမခေါ်ပဲ ဝင်လာခဲ့ပြီး၊ငါတောင် နှင်မထုတ်ရသေးပဲ ငါ့ဘဝမှာ နေဖို့ငြင်းဆန်နေတဲ့ ထိုလူကို ငါအရမ်းချစ်နေမိတယ်။
အခန်းထဲပြင်ဝင်လာတဲ့ အချိန် သူတောင်းတဲ့ ဂတိက ချန်လည်းမထားခဲ့နဲ့၊ စောင့်လဲ မစောင့်ခိုင်းနဲ့တဲ့။
မထင်ထားတဲ့ ချစ်ခြင်း၊မေတ္တာတွေက နှစ်ဦးလုံးကို ဆွဲငင်နေတော့ ဒီအချစ်တွေက စစ်မှန်တယ်နဲ့ တူပါတယ်။ဘယ်သူထင်မှာလဲ ဒီအချိန်ခဏလေးအတွင်းမှာ ဒီကောင်လေးနှစ်ယောက်က သိပ်ကိုချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားမယ်လို့...
ငါကတိပေးပါတယ် အကို ၊ ငါမင်းကို ဘယ်တော့မှ ထားမသွားပါဘူးလို့ အကယ်၍များ တစ်ချိန်မှာ ဝေးခဲ့ရသည်ရှိသော် ငါ့မင်းကို ပေးခဲ့တဲ့ ကတိမတည်လို့ မင်းမေတ္တာတွေ စူးပါစေ။
____________
YOU ARE READING
စေလိုရာ
Fanfiction"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"
