Meeting ကိစ္စတွေကမပြီးနိုင်မပျက်နိုင်နဲ့ စိတ်တွေရှုပ်လာတယ် နာရီကြည့်တော့ ၁၁ခွဲ Phuwin ကလည်းဖုန်းတွေခေါ်ထားတာအများကြီး Meeting ပြီးတာနဲ့ချက်ချင်းဖုန်းပြန်ခေါ်တော့ သူ့ဖုန်းစက်ကပိတ်သွားပြီ။
သူပို့ထားတဲ့ Location အတိုင်း ကားကိုအမြန်မောင်းလာခဲ့လိုက်တယ်။ တွေ့တွေ့ခြင်း မြင်ရလိုက်တဲ့ မြင်ကွင်းက
"လာ"
ထောင်းကနဲဒေါသဖြစ်မိတယ်။ မကြိုက်ဘူးလို့ အတန်အတန်ပြောထားရက်နဲ့ ၊ စိတ်တွေကထိန်းချုပ်မရ၊ ဒေါသတွေ ထိန်းမရဖြစ်ပြီး ကားကိုအရှိန်ကုန်မောင်းလာလိုက်တယ်။ ဘေးကနေဖြည်းဖြည်းမောင်းဖို့ ပြောနေပေမဲ့ ငါ့စိတ်နဲ့ဒေါသကိုတွေကိုငါထိန်းမရ
သူစီက အော်သံကြားလေ ပိုပြီးဒေါသဖြစ်လေ စက်ကိုချက်ချင်းထိုးရပ်လိုက်ပြီး
"ဘာလုပ်တာလဲ"တဲ့
"မင်းကရော"
ကိုယ့်ကိုကိုယ်တောင် သတိမထားမိပဲ အော်လိုက်မိတယ်၊ အော်လိုက်တာနဲ့ တစ်ပြိုင်နက် Phuwin မျက်နှာကငြိုးငယ်သွားပြီး မျက်ရည်စလေးတွေက မျက်ဝန်းမှာဝဲလို့
"မင်းငါ့ကိုအခုအော်လိုက်တာလား" လို့ သူပါးစပ်ကထုတ်ပြောလိုက်တဲ့အချိန်မှာတော့ ငါအသိပြန်ကပ်မိတယ်။
သက်ပြင်းချပြီး စိတ်ကိုထိန်းကာ "ကိုယ်တောင်းပန်ပါတယ် စိတ်အရမ်းတိုသွားလို့"
"မင်း အမြဲတမ်းဒေါသကိုရှေ့တမ်းတင်တယ်"
"စိတ်ပူတာရော၊ ဒေါသဖြစ်တာရော ရောသွားလို့ပါ ကိုယ်တောင်းပန်ပါတယ်" တောင်းပန်တဲ့အချိန်နောက်ကျသွားပြန်တယ် မျက်စိရှေ့ကကောင်လေးက ငိုနေပြီ
"မငိုနဲ့ မငိုနဲ့လို့ ကိုပြောနေတယ်လေ"
"မင်းငါ့ကိုထပ်လာ မအော်နဲ့ မင်းကိုငါစောင့်နေတာ မလာဘူး၊ ပြီးတော့မင်းငါ့ဖုန်းလဲမကိုင်ဘူး အခုမှလာပြီး ဘာလို့ ငါ့ကိုလာအော်နေတာလဲ"
"ကို မင်းဖုန်းစက်ပိတ်ထားတော့ စိတ်ပူသွားတာ၊ ပြီးတော့ ဟိုအကောင်နဲ့မင်းကိုတွေ့တာ ကိုစိတ်မတိုရဘူးလား"
"အော် ငါကဘာလုပ်နေလို့လဲ ဟမ် ဖောက်ပြန်နေလို့လား"
"ကိုမင်းကို အဲ့သဘောနဲ့ပြောနေတာမဟုတ်ဘူး Phuwin မင်းစကားတွေ လွန်မလာနဲ့"
"ငါလေ မင်းအပေါ်ထားတဲ့အချစ်က မင်းကိုဘာတွေ ဖြည့်စည်းပေးရမလဲ မင်းစိတ်တိုင်းကျနေပေးရမလဲအမြဲတွေးခဲ့တာ မင်းကိုငါအတက်နိုင်ဆုံး နားလည်ပေးတယ် ဘာလို့လဲသိတာ မင်းချစ်တာကိုငါသိနေလို့ ဒါမဲ့အခုမင်းအချစ်က အတ္တဆန်လာတယ်ဆိုတာရော မင်းသိလား"
"ကို့ အချစ်က အတ္တဆန်တာ မဟုတ်ပါဘူး။ မင်းလိုချင်တဲ့ မေတ္တာ၊ဂရုနာ၊မုဒိတာ၊ အချစ် အကုန်ပေးစပ်ချင်တာ။"
"တော်စမ်းပါ ဒါဟာ စွန့်လွှတ်အနစ်နာခံမှုလည်း မဟုတ်ဘူး အချစ်လဲမဟုတ်ဘူး မင်းရဲ့ အတ္တတွေ၊ ငါလေမင်းပေါ်ထားတဲ့ ချစ်တဲ့စိတ်၊ အလျော့ပေးတဲ့စိတ် ဒါတွေကိုလေ ငါသိပ်ကို မြင့်မြတ်တဲ့ချစ်ခြင်းလို့ ငါမပြောလိုပါဘူး။ ဖြစ်ချင်းဖြစ် ဒါဟာမိုက်မဲမှု"
ငါ့အချစ်တွေက Phuwin အမြင် အတ္တဆန်တဲ့ အချစ်ဖြစ်နေပေမဲ့ ငါ့အတွက်ကတော့ ချစ်တဲ့စိတ်တစ်ခုထဲပါပဲ။ မျက်ရည်တွေပေါက်ပေါက်ကျပြီး ပြောနေတဲ့ Phuwin ကိုဘယ်လိုချော့ရမလဲ မသိ။ စိတ်ထဲမှာရှုပ်ထွေးနေပြီး ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး။
YOU ARE READING
စေလိုရာ
Фанфикшн"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"
