ဒီမြို့ကြီးပြကြီးကို စပြောင်းလာတော့ ပထမဆုံးဆုံတွေ့ခွင့်ရခဲ့တဲ့ မင်း၊ နေ့ရက်တိုင်း မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့ထိ မြင်နေရတဲ့ တစ်ဦးတည်းသော ကောင်လေး၊ ဒီနေရာ ဒီအရပ်ကို အစိမ်းသက်သက်ဖြစ်နေခဲ့ပေမဲ့ မင်းကိုတော့ စတွေ့ထဲက တစ်ရက်လေးမှ အစိမ်းသက်သက် ခံစားချက်မျိုး မရခဲ့ဘူး။
မင်းကတော့ အိမ်ကြီးကြီး၊ ခြံကျယ်ကျယ်မှာ နေတဲ့ လူချောကောင်လေးပေါ့၊ ငါကတော့ တစ်မိုးစာခိုလှံစရာ အိမ်ငယ်လေးကနေ မြို့ပြပေါ်ရောက်လာခဲ့ပြီး မင်းအနားမှာ မင်းအရိပ်လို ကာကွယ်ပေးတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ အရိပ်လိုမျိုး မင်းအနားမှာနေပေးသလို၊ အရိပ်တကြည့်ကြည့်လဲ စောင့်ရှောက်ပေးနေမိတယ်။ မင်းဆီက ဘာအရာမှ မမျှော်လင့်ပါဘူး၊ မင်းလုံခြုံပြီး ကျန်းမာရင် ငါ့အတွက် အရာအားလုံးပိုင်ဆိုင်ထားသလိုပါပဲ။ဒါမဲ့လေ ချစ်ခြင်းမေတ္တာက ဆန်းကြယ်တယ် ယောကျာ်းလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို ချစ်မိသွားဖို့ဆိုတာ ပိုပြီးတော့ ဆန်းကြယ်ပါသေးတယ်။ အခုလို ၂၀၁၉ မှာ ခေတ်ရှေ့ပြေးသင့်ပြီ ဆိုပေမဲ့ တစ်ချို့လူတွေက လိင်တူချစ်ကြိုက်တာကို လက်ခံတာမျိုးမရှိသေးဘူးဆိုတာ ငါသိပါတယ်။ ငါဒီလိုမျိုး ဘဝကိုရွေးချယ်ဖို့ ဆိုရင် အများကြီးရင်ဆိုင်ရအုံးမှာ၊ ကြုံလာသမျှအခက်အခဲတွေ အားလုံးကိုပေါ့။ ဒီလိုအခက်အခဲတွေကို မင်းကိုပိုပြီးတော့တောင် မကြုံစေချင်ဘူး။
"သခင်လေး သခင်လေး သခင်လေး
Phuwin Phuwin သတိထားပါအုံး"
နိုးလို့ မရတော့ပဲ မေ့မျောသွားတဲ့ ကောင်လေးက ငါ့ရင်ခွင်ထဲမှာ၊ ငါကတော့ နှလုံးခုန်သံတွေရပ်တန့်မတက် ခံစားရတယ်၊ တစ်ခုခုသာဖြစ်သွားရင် ငါရူးသွားလောက်တယ်။
YOU ARE READING
စေလိုရာ
Fanfic"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"