"အကို ပြန်တော့မယ်နော် အေးအေးဆေးဆေးပျော်ကြ လိုတာရှိရင် Lego ကိုပြောလိုက်နော်"
"ပြန်တော့မှာလား PPond"
"အင်း အကိုဟိုဘက် ဟော်တယ်ပြန်ရမှာမို့ ဒါနဲ့ Lego ဒါက အကို့ ညီတွေပဲ ဘန်ကောက်ကလာကြတာ သေချာ ဂရုစိုက်ပေးလိုက်နော် ကြားလား"
"ကြားပါတယ်ဗျာ PPond လည်းကားဖြည်းဖြည်းမောင်းနော် တစ်ခုခုဆိုစာပို့လိုက်"
"အေးအေး ဒါဆို အကို သွားပီနော်"
"ဟုတ်"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ PPond"Lego ဆိုတဲ့ ကောင်လေးက ဘယ်သူလည်းမသိပေမဲ့ အကိုနဲ့ တော်တော်လေးရင်းနှီးနေတဲ့ ပုံပေါက်သည်။ စိတ်ထဲ မကျေနပ်သလို ခံစားရပေမဲ့ ငါကိုယ်တိုင်လဲ ပြောစရာစကားမရှိ အနောက်ကလည်းသူ့ကို လှမ်းခိုးကြည့်ရုံလေးပဲ တက်နိုင်သည်။
"ဟို လိုအပ်တာရှိရင်ပြောနော် ကျနော်စီစဉ်ပေးပါမယ် အကို့ညီတွေဆိုတော့ ကျတော့်ကိုလည်း ခင်ခင်မင်မင်ဆက်ဆံလို့ရပါတယ်"
"အော်ဟုတ်ကဲ့"
"ရပါတယ် ကျတော်တို့ဘာမှမလိုပါဘူး"
"ဟုတ် ဒါဆို သွားခွင့်ပြုပါအုံး"
"ဟုတ်"
"ဟျောင့် Phuwin, Lego ဆိုတဲ့တစ်ယောက်နဲ့ PPond ကဘာတွေလဲမသိဘူးနော်"
"Winny အနာဟောင်းကိုပြန်သွားစ မနေနဲ့ သွားအထဲဝင် အရက်သောက်ကြမယ်""မင်းမျက်နှာက ဘာဖြစ်နေတာလဲ Phuwin"
"ကမ်းခြေ အသံကြားချင်လို့"
"အေးလေ Forth မင်းကလည်း ကမ်းခြေလာပြီး ကမ်းခြေမမြင်ရတဲ့ ဟော်တယ်မှ ငှါးရတယ်လို့"
"အေးအေး မနက်ဖန်ပြောင်းပေးမယ် ဟုတ်ပြီလား ဒါနဲ့ Phuwin မင်းအဆင်ပြေရဲ့လား"
"အင်း ပြေပါတယ်"
တကယ်တော့ မပြေဘူး အကိုက ငါ့ကိုမေ့နိုင်သွားပြီး ငါမရှိသလိုတောင် နေနိုင်တယ်။ ငါကသာ တစ်ရက်လေးမှ မေ့မရဖြစ်နေခဲ့ပြီး သူကတော့ ငါ့အပေါ်ခံစားချက်တောင် မရှိတော့ဘူး။ ခံစားချက်မရှိတာထပ် ငါ့ကို မျက်လုံးခြင်းဆိုင်ပြီးတော့တောင် မကြည့်ဘူး။
ချက်ချင်း ဝဲလာတဲ့ မျက်ရည်တွေကို သူငယ်ချင်းတွေ မြင်တော့ အားလုံးက သဘောပေါက်ပြီး ဖက်ပြီး နှစ်သိမ့်ပေးတယ်။
"အဆင်ပြေသွားမှာပါ"
"ဟုတ်တယ် အဆင်ပြေသွားမှာပါ"
တစ်ယောက်နဲ့ တစ်ယောက်ဖက်ထားပြီး နှစ်သိမ့်ရင်းနဲ့ပဲ ဒီညကို ဖြတ်သန်းလိုက်ကြတယ်။
YOU ARE READING
စေလိုရာ
Fanfiction"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"