တော်တော်လေးလဲ မှောင်လာသလို ကမ်းခြေကလည်း လေတွေတဖြူးဖြူးနဲ့ အေးလာသည်။ အားလုံးကလည်း မူးနေပြီး မှောက်မလိုတောင်ဖြစ်နေကြပြီ။
"ဟျောင့် Phuwin ဆေးသောက်ပြီးပြီလား"
"အရက်သောက်နေတာကို ဆေးသောက်ဖို့ မင်းကမေးနေသေးတယ် မင်းကိုယ်မင်းတောင် အရင်ကြည့်အုံး Forth"
"မူးနေပြီ ငါတော့ လေကအသေတိုက်တာ လှိုင်းမူးနေသလိုပဲ ဟိုနှစ်ကောင်ကိုလဲကြည့်အုံး မှောက်သွားတာ သေသွားသလိုပဲ"
"အေးလေ စိတ်ညစ်တယ် ဟဟ" နှစ်ယောက်သား လှောင်ရင်း ဒီကောင်တွေကို ဂုတ်က မ ရမလား၊ ခြေထောက်ကပဲ ဆွဲသွားရမလားမသိ။အကို့ကိုကြည့်တော့ အကိုကလည်း မျက်လုံးကို အတင်းဖွင့်ထားသလို တော်တော်လည်း မူးနေပြီ။
အားလုံးမူးနေတော့ အရက်ဝိုင်းကို သိမ်းဖို့ပဲ ဆုံးဖြတ်ချလိုက်ရတော့တယ်။
"ပြန်ကြမယ်ထကြ"
Forth ကတော့ Gem ကို မနိုင်မနင်းသယ်နေပြီး ၊ ငါကတော့ ဟိုနှစ်ကောင်ကို ဆွဲမနေရ။
"သောက်ချင်သေးတယ်"
"တော်စမ်း အအေးပတ်သေနေမယ်"
"Phu win ငါ့တို့ထနိုင်တယ် PPond ကိုသယ်ပေးလိုက်အုံး သူတော်တော်မူးနေပြီ"
"ငါ"
"ဘာမှ ငါလုပ်မနေနဲ့ သွားသယ်" ဆိုပြီး Satang ကတွန်းထုတ်လိုက်တော့ အကို့ကို သယ်ဖို့ပဲလုပ်လိုက်ရတော့တယ်။ အားလုံးက သူ့ဟာနဲ့ သူ အသီးသီး ထွက်သွားကြပေမဲ့ ငါကတော့ အကို့ကို ဖက်ဖို့ သတ္တိရှိမနေခဲ့ဘူး။
"အကို အကိုထပါအုံး"လို့ နှိုးနေပေမဲ့ လှုပ်တောင်မလှုပ်
မူးနေတဲ့ အကိုရဲ့ နှာခေါင်းနဲ့ပါးတစ်ခုလုံးကရဲနေပြီး၊ အသက်ရှူသံကပြင်းနေသည်။ လေကလည်းတဖြူးဖြူးနဲ့ သူ့ကိုတော်တော်အေးစေတယ်နဲ့တူတယ်။
အကို့လက်ကို ပုခုံးပေါ်တင်ပြီး ဆွဲမလိုက်တော့ အကိုက ငါ့ကို တွန်းထုတ်တယ်။
"ဘာလို့ တွန်းထုတ်နေတာလဲ ငြိမ်ငြိမ်နေ
ခဗျားခန္တာကိုယ်က လေးတယ် မဟုတ်ရင် ကမ်းခြေမှာ ဒီတိုင်း ပစ်ထားခဲ့မှာနော်" လို့ပြောလိုက်မှ ငြိမ်ကျသွားတယ်။ သူ့ကြည့်ရတာ တော်တော်မူးနေပြီး ငါ့ကိုတောင်စကားလုံးဝပြန်မပြောနိုင်။

YOU ARE READING
စေလိုရာ
Фанфик"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"