မိသားစုတစ်ခုကို လူတစ်ယောက်ပိုရောက်လာတဲ့အခါ နောက်လူတွေပါ ဝင်လာနိုင်တယ်ဆိုတာ အစထဲကသိပြီးသားပါ။ သို့ပေမဲ့ လက်မခံနိုင်စရာအကြောင်းရယ်လို့တော့ မရှိပါဘူး။ အစထဲက လက်ခံထားတဲ့အရာဖြစ်လို့ ဘာတွေပဲဖြစ်လာ ဖြစ်လာ ဆက်ပြီးတော့ လက်ခံဖို့ အသင့်ပါပဲ။
ပုံစံကတော့ ခေတ်ရှေ့ပြေး လူငယ်တစ်ယောက်ပုံပေါက်ပြီး၊ ခပ်လန်းလန်းယောကျာ်းတစ်ယောက်ပါ။ အသားအရည်ကျ ဖြူအုပြီး တရုတ်လို့တောင်ထင်ချင်စရာ။ မျက်နှာက သေးသွယ်ပြီး ယောကျာ်းဆန်ဆန် အသံလည်းရှိတယ်။ သို့သော် PPond လောက်တော့ ယောကျာ်းဆန်တဲ့ အသံရှိမနေပါဘူး။အဒေါ်နဲ့ တူကတော့ တခြားစီလို့တောင်ထင်ရ။အဖေ့မိန်းမနဲ့ ပတ်သက်ပြီး အခုထိ သဘောမကျသေးပေမဲ့ အဆင်မပြေတယ်လို့တော့ မရှိပါဘူး။ သူလည်းသူ့ဘဝနဲ့သူပေါ့။
"သခင်လေး အန်တီအင်းကျန်းမာရေးက မကောင်းတော့ဘူး တစ်နှစ်အတွင်း အသက်ကြီးလာလို့လားမသိ လှုပ်လှုပ်ရှားရှားတောင် သိပ်မလုပ်ချင်တော့ဘူးသိလား"
"ဟော ဒါဆို ဆေးရုံသွားမယ်လေ မနက်ကြရင် နော် P'Pond"
"အမလေး ဆေးရုံသွားချင်လို့ ကျမကပြောတယ်ထင်နေတာလား မဟုတ်ဘူးလေ အရင်ကဆို သခင်လေး အထီးကျန်မှာဆိုးလို့ အနားမှာနေပေးတာ အခုကျ တစ်ယောက်သောသူရှိတော့ အထီးမကျန်တော့ဘူးမဟုတ်လား"
"အိုဟိုး ဒရမ်မာခင်းနေတာပဲ"
"အခုမှသိတာလားပြော"
"အန်တီအင်းကလည်း သားက အန်တီအင်းကိုအချစ်ဆုံးကို အန်တီအင်းမရှိရင် ပျင်းနေမှာ"
"အန်တီအင်းကလည်း သားကိုအချစ်ဆုံးပါနော်"
"ဟော် သူများတွေမြင်ရင် Phuwin က အန်တီအင်း တူအရင်းလို့ ထင်နေပါအုံးမယ်"
"ဟုတ်တာပဲကို"
"အော်ဟော်...."
"ဘာပဲဖြစ်ဖြစ် အနားယူပြီး တရားစခန်းဘာလေးဝင်အုံးမယ် Pond ကအနားမှာအမြဲတမ်းရှိနေတော့ သခင်လေးကို စိတ်ချပါပြီ"
"တရားစခန်းပဲ ဝင်ချင်နေတာကို ဝင်ပါ အသက်ကြီးပြီဆိုတော့ ကုသိုလ်ကောင်းမှုပြုရတော့မှာတော့လေ သားတို့နားလည်ပါတယ်"
"ဟုတ်တယ် အန်တီအင်းသွားချင်တယ်ဆိုလဲသွားပါ ကျွန်တော် Phuwin ကိုသေချာစောင့်ရှောက်ပေးမှာပါ"
"ယုံပါတယ်ကွယ်"
YOU ARE READING
စေလိုရာ
Fanfiction"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"