အပိုင်း ၂၅

499 57 5
                                    

အလုပ်တွေ က မပြီးမပျက်နဲ့ ဖူးခက်သွားဖို့က တစ်ရက်နောက်ကျပြန်ပြီ Nong Phuwin ရော အဆင်ပြေရဲ့လား မသိ
"Dunk လာအုံး ငါမေးအုံးမယ်"
"မေးလေ အန်တီလေး"
"နင်နဲ့ Phuwin နဲ့က ဘာတွေလဲ ၁နှစ်တောင်ကြာပြီ အဆင်ပြေတာတော့ မြင်ပါတယ် အဆင့်တွေ ဘာတွေရော မတက်သေးဘူးလား"
"ဟာ အန်တီလေးကလည်း ရိုးရိုးသားသားပါပဲခုထိ ညီက နေကောင်းတာမဟုတ်ဘူး သူ့ကိုဂရုစိုက်ပေးတာပါ"
"မဟုတ်မှ လွဲရော် နင်သူ့ကို တကယ်ကြီး ချစ်များချစ်သွားတာလား"
"ဘာလုပ်မလို့လဲချစ်တော့ရော"
"ဟဲ့ ချစ်ရင် ရအောင်ယူလေ နင့်မှာ ငါတစ်ယောက်လုံးရှိတာ နင်နဲ့သူသာ အဆင်ပြေသွားရင် ငါတို့ဘဝတစ်ခုလုံးကကောင်းစားသွားပြီး ဒီမိသားစု တစ်ခုလုံးက ငါတို့ အပိုင်ဖြစ်သွားပြီဆိုတာ နင်သိရဲ့လား"
"သူတို့ ပစ္စည်းဥစ္စာတွေ စိတ်မဝင်စားပါဘူး Nong ကိုက ချစ်တာ ရော သနားတာရောကြောင့် အန်တီလေးရဲ့ လောဘတွေ တော်ပါတော့ အန်ကယ်က ဒီလောက်ပေးထားတာပဲကျေးဇူးတင်"
"တော်တော်! နင်ကတော်တော် ရောင့်ရဲတင့်တိမ်နိုင်တဲ့ကောင် နေပေါ့ နင်သာလိုချင်ရင် ငါက ကူညီပေးမလို့ကို"
"ဘာကို ကူညီမှာလဲ"
"ဘာကို ကူညီရမှာလဲ ငါ့ယောကျာ်းကိုပြောပေးပြီး နင်တို့ကို လက်ထပ်ပေးမှာပေါ့ နင့်ဘဝတစ်ခုလုံး နင်ချစ်တဲ့လူရော စည်းစိမ်အပြည့်ရောပိုင်ဆိုင်ရမှာ ဘယ်လောက်တောင်ကောင်းလဲ သေချာတွေးကြည့်စမ်းပါ Phuwin ကဘယ်ချိန်ဘာဖြစ်မလဲ ဘယ်သူမှသိတာမဟုတ်ဘူး သူသာတစ်ခုခုဖြစ်သွားရင် အရာအာလုံးကနင့်အပိုင်ပဲ"
"ဟာ အဲ့လိုမပြောနဲ့ သူ့ကိုပိုင်ဆိုင်ချင်တ သူ့စည်းစိမ်တွေနဲ့ မဆိုင်ဘူး ဘေးမှာပဲနေရဖို့ပဲ"
"ဘာပဲဖြစ်ဖြစ် နင်ဘေးမှာနေဖို့က ပိုင်ဆိုင်ရဖို့ပဲကို နင် အကူညီလိုချင်ရင်တော့ ကူညီပေးလို့ရတယ်နော်"
"အင်း"
တကယ်တော့ Phuwin ကိုပိုင်ဆိုင်ချင်တာထပ် စောင့်ရှောက်ပေးချင်တာ သူ့အနားမှာနေပေးပြီး သူမှီချင်တဲ့ အချိန်မှီလို့ရမဲ့ ပုခုံးလေးပဲဖြစ်ချင်တာ။ ဒါမဲ့ သူအဆင်မပြေမှာတို့ စိတ်ဆင်းရဲမှာတို့ကိုတော့ မလိုလားဘူး။

စေလိုရာWhere stories live. Discover now