"တောင်တက်ကမှာ ဖိနပ်က အဆင်ပြေ မနေဘူး သယ်လာတာလည်း တစ်ခုမှ တောင်တက်လို့ရတဲ့ထိ အဆင်မပြေဘူး ဘယ်လိုလုပ်ကြမလဲ"
ညည်းနေတဲ့ ဒီကောင်လေးကို ငါအသဲယားတော်တော်ယားနေမိသည်။ တောင်တက်ရမှာကို Sneakers နဲ့ တက်ဖို့ သူဘယ်လိုများ စဉ်းစားမိလဲ ငါမသိ။
"နေအုံး PPond ကိုမေးလိုက်မယ် မင်းနဲ့သူနဲ့က size တူတူပဲမဟုတ်လား"
"ရတယ် ငါ ဒါနဲ့ပဲတက်တော့မယ်"
"အဆင်ပြေပါ့မလား"
"ပြေမှာပါ"
"ကျောက်ဆောင်တွေနဲ့ တောင် ဆိုတာဘာလို့ မပြောတာလဲ Forth ငါ့ခြေထောက်တွေ ဆူးနေပြီ"
"ဟူး ဒါဆို ဆက်မတက်ပဲ နေကြမလား ငါတို့"
နောက်ဆုံးတော့ သည်းမခံနိုင်တော့ တဲ့ ငါကပဲ " ဒီကိုလာ" လို့ပြောတော့မှ မျက်နှာကို ဆူပုတ်နေပြီး နေတယ်။ ချက်ချင်း ကျောက်ဆောင်ပေါ်မှာ ထိုင်ခိုင်ပြီး ခြေထောက်ကို မလိုက်တော့မှ "ကျတော့်ဘာသာစီးပါမယ်"တဲ့
"မင်းခြေထောက် ထိထားတယ် မတက်ရင်မတက်ပါနဲ့တော့လား" စကားနားမထောင်တဲ့ ကောင်လေးကတော့ ဘာစကားမှ ပြန်မပြောပါ။
အသားဖြူတော့ ဖိနပ်ချွတ်တာနဲ့ ခြေထောက်က ရဲနေတာ အထင်းသား ဖိနပ်က ကျောက်ဆောင်ကို ခံနိုင်တဲ့ထိ မထူတော့ ခြေထောက်ကို ထိပြီး ရဲနေတော့တာပဲ။
"ရတယ် တက်လက်စနဲ့တော့ တက်လိုက်တော့မယ်"
"ဒါဆို အကို့လက်ကိုကိုင်ပြီးတက်"
"ဗျာ"
"လာ လက်ကိုကိုင်ထား ခြေခေါက်ပြီးလဲရင် ပိုဆိုးမယ်"လို့ပြောတော့မှ
ဘာလို့ တအံ့တဩဖြစ်နေလဲ ငါမသိ၊
တစ်ခုခုဖြစ်သွားရင် ဒီကကောင်ပဲစိတ်ပူရမှာ။
YOU ARE READING
စေလိုရာ
Fanfiction"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"
