အပိုင်း ၁၈

415 59 5
                                    

အခန်းထဲကနေ ထွက်လာတဲ့ အချိန်မှာ လောကကြီးတစ်ခုလုံး ပြိုလဲသွားသလိုခံစားရတယ်...အရာအားလုံးက အချိန်မတိုင်ခင်မှာ ဆုံးရှုံးသွားတဲ့ ခံစားချက်လိုမျိုး။
ဟုတ်ပါတယ် တစ်ခါတစ်ရံကျရင် မလိုချင်တာ၊ မလိုအပ်တာမျိုးဆို မပေးပဲနေတာ က သူ့ကို အလိုက်တသိ ဆက်ဆံပေးတာမျိုးပဲ မဟုတ်လား။
ပေးချင်တဲ့ မေတ္တာတွေကို သူ့ဘက်ကလက်မခံတဲ့ အချိန်မှာ ပြန်ရုတ်သိမ်းရမှာပဲ မဟုတ်လား။ဒါက သူ့ကိုပိုချစ်တာမျိုးဖြစ်သလို ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်တာမျိုးလဲ ဟုတ်ပါတယ်။

တစ်နေ့လုံး ၊တစ်ညလုံး အခန်းရှေ့မှာ နေနေပေမဲ့ သူက ထွက်တောင်မတွေ့ပါဘူး။ ဒါနဲ့ပဲ အိမ်ခဏအရင်ပြန်ပြီး ပစ္စည်းတွေ သွားယူက Phuwin ကို ပေးဖို့ ဆေးရုံကိုပြန်လာခဲ့တယ်။ အခန်းတံခါးဝရှေ့အရောက်အထဲကိုလှမ်းကြည့်လိုက်တော့ Dunk က Phuwin ကိုဖက်နေတယ်။
ကောင်းကင်တစ်ခုလုံးမဲမှောင်သွားသလိုပဲ။
ဒီအချိန်မှာ အခန်းထဲကိုဝင်ပြီး သောင်းကျန်းလိုက်ချင်ပေမဲ့ ပထမဆုံးတွေးမိတာကတော့ တတိယလူပေါ်လာတဲ့ အချိန်မှာ ဒုတိယလူက အလိုလို နောက်ဆုတ်ရမှာပဲ မဟုတ်လား။ ကိုယ်ကရောက်အောင် သွားပေမဲ့ သူ့ဘေးမှာ သူရှိစေချင်တဲ့ လူကကိုယ်မှမဟုတ်တာ။ လှည့်ပြန်ထွက်သွားခြင်းနဲ့ပဲ သူ့ကိုချစ်ပြလိုက်ပါမယ်။

"PPond"
"ဘယ်လိုဖြစ်တာလည်း ဒီအချိန်ကြီး ဘားရောက်နေတာ"
"အင်း Gem"
"ဘာဖြစ်တာလဲ ငိုနေတာလား မျက်လုံးတွေဖောင်းလို့"
ဖြစ်ခဲ့ သမျှအကြောင်းအရာအားလုံးကို Gem ကိုရှင်းပြလိုက်တယ်။
"ငါက ချစ်တာပဲလေ သူဘယ်သူနဲ့ပျော်ပျော် သူပျော်ပြီး အဆင်ပြေနေရင်ရပါပြီ၊ အစထဲက ငါနဲ့ မသက်ဆိုင်တဲ့ သူကိုချစ်မိခဲ့တာပဲ ဒါတွေဖြစ်လာမယ်ဆိုတာ အစထဲက သိထားပြီးသားပါ"
"မဟုတ်တာ အကိုရာ Phuwin အကို့ကို ဒီလောက်ချစ်တာ မဖြစ်နိုင်ပါဘူး တစ်ခုခုတော့မှားနေပြီနော်"
"ငါလေ အရမ်းနာကျင်တယ်သိလား"
"သိပါတယ် ဒီလောက်ငိုနေကတည်းက"
"အင်း ဟုတ်တယ် ငါဘယ်လောက်ပဲနာကျင်ကျင် စွန့်လွှတ်ပေးနိုင်ပါတယ်၊ ငါအိပ်ရေးပျက်တာထပ် သူအိပ်ရေးမပျက်ရင်ရပြီ၊ ငါအစားအသောက်မမှန်လဲ သူအစားအသောက်မှန်ရင်ပြီ၊ ငါသူ့ကိုအရိပ်တကြည့်ကြည့်ချစ်ခဲ့တာပါကွာ ဒါမဲ့ အခုသူလိုချင်တဲ့အရာတွေကို အခြားလူတစ်ယောက်က လုပ်ပေးမယ်ဆိုလဲ သူဘာပဲဖြစ်ဖြစ် ဂရုစိုက်ခံရတယ် မဟုတ်လား"
"အကိုရယ် ခဏနေပါအုံး အလောတကြီး အဲ့လိုတွေ မတွေးပါနဲ့ အရာအားလုံးက ဘာတွေဖြစ်နေလဲဆိုတာ သေချာ သုံးသပ်ကြည့်ပါအုံး"
"အဝေးကနေပဲ သူပျော်နေတာကြည့်ရရင်ရပါပြီ"
ဒီနေ့တော့ ဒီနေရာလေးမှာ အမူးသောက်ပြီး အိပ်ဖို့ ကြိုးစားရတော့မှာပေါ့။
_____________
"လူနာ သတိလည်လာပြီလား"
"ဟုတ် ဆရာ ကျတော်ကို ခဏလောက်အထဲမှာပဲ ထားထားပေးပါလား"
"ဘာလို့လဲ အပြင်က လူနာစောင့်က အရမ်းစိတ်ပူနေတာနော်"
"သိပါတယ်  ဒီရက်ပိုင်းအတော်တွင်း ကျတော့်အခြေအနေ ဆိုးရိမ်ရတယ် မဟုတ်လား တကယ်တော့ စောနက မေ့လဲသွားတာ မဟုတ်ပါဘူး ကျတော် အသိရှိပါသေးတယ်"
"အင်း ကုသမှုတွေ တော်တော်ကြာကြာလေး ဒီတစ်ခေါက်ခံယူရမယ် အဓိက အနားပေးရမှာစိတ်ကို"
"ဟုတ်"
တကယ်တော့ ငါကျန်းမာရေးအခြေအနေကို ငါအသိဆုံးပါ၊ သိပ်ပြီး အခြေအနေမကောင်းတာရော အကိုနဲ့ ပတ်သက်ပြီး စိတ်ညစ်တာရော အလုပ်တွေရောကြောင့် ငါဘယ်လို နလန်မထူနိုင်ဘူး အထူးသဖြင့် အောင့်အောင့်နေတဲ့ နှလုံးက နေရင်းထိုင်ရင်းနဲ့ကို ဒုက္ခပေးနေတာ ဘယ်သူ့ကြောင့်မှ မဟုတ်ပဲ ရုတ်တရက်ဖြစ်လာတဲ့ ဒီအခြေအနေတွေကို ငါဘယ်လိုမှ ကျော်ဖြတ်လို့မရ။
အကို မသိဘူး ငါဘယ်လောက်ထိ ဒီရက်တွေနေမကောင်းဖြစ်နေလဲ၊ ငါဘယ်လောက်ထိ နာကျင်နေရလဲဆိုတာကို။
နားခန်းထဲ နားနေတဲ့အချိန် အကို့ကဘေးကနေ ထုံးစံအတိုင်းဂရုစိုက်ပေးနေပြီး ငါကတော့ အိပ်ပျော်ချင်ယောင် ဟန်ဆောင်နေရတယ်။
ငါမျက်လုံးတွေဖွင့်လိုက်တဲ့အခါကျရင် ငါဘယ်လိုရင်ဆိုင်ရမှာလဲ ငါဘဝမှာ ငါဘယ်သူ့ကိုမှဒုက္ခမပေးချင်ဘူး ငါသာနေမကောင်းဖြစ်နေရင် သူ့ဘဝတစ်ခုလုံး ငါ့ကြောင့်ပဲ ငါ့အနားမှာ တစ်သက်လုံးစောင့်ရှောက်နေရမှာ။ သူကလည်း အဲ့လိုလူမျိုးပဲလေ။ ငါ့အသံတွေကို မတုန်အောင် ငါကြိုးစားပြီးပြောလိုက်တယ် လမ်းခွဲစကားကို အကိုကတော့ လက်မခံဘူးဆိုတာသိလို့ သူ့ကိုအော်ပြောပြီး နှင်ထုတ်လိုက်ရတယ်။ သူ့ကျောပြင်ပဲမြင်ရတယ်ဆိုပေမဲ့ သူ့ရင်ထဲဘယ်လောက်တောင် ကြေကွဲနေပြီလဲ ငါအသိဆုံးပါ။ အကိုကငါ့ကိုသိပ်ချစ်တာ ငါမသိပဲနေပါ့မလား။
အခန်းအပြင်ဘက်မှာ အကို ငုတ်တုတ်လေး ထိုင်နေတာကို အခန်းထဲကနေ ချောင်းကြည့်လိုက်တော့ တကယ် စိတ်ထဲ နာကျင်မှုအပြည့်ခံစားရတယ်။
အကို့ကိုဖက်ပြီး နှစ်သိမ့်ပေးချင်ပေမဲ့ ငါခြေထောက်တွေက ရွေ့လျားမသွားဘူး။
တစ်ခါတစ်လေကြ ဘာမှမမျှော်လင့်တော့ပဲ အရာအားလုံးကို လက်လျော့လိုက်တာ အကောင်းဆုံးပဲ မဟုတ်လားအကို...မျက်ရည်တွေက ခေါင်းအုံးပေါ်ကျလွန်းအားကြီးလို့ခေါင်းအုံးတစ်ခုလုံး ရွှဲလို့..
"Phu win" အသံသေးသေးလေးနဲ့ လှမ်းခေါ်လို့ အကိုများလာဆိုပြီး လှည့်ကြည့်လိုက်တော့ PDunk
"ဟုတ် PDunk"
"ဘယ်လိုဖြစ်တာလဲ သက်သာရဲ့လား"
မျက်ရည်တွေ အမြန်သုတ်လိုက်ပြီး
"ဟုတ်ပြေပါတယ်"
"ငိုချင်နေတာမဟုတ်လား လာ အကိုဖက်ထားပေးပါမယ်"
ရုတ်တရက် ဖက်လိုက်ပြီး ကျောကိုပုတ်ပေးတော့ မြိုသိမ့်ထားတဲ့ ခံစားချက်တံခါးကို ဖွင့်ချလိုက်သလိုပါပဲ။ မျက်ရည်တွေ ပေါက်ပေါက်ကျပြီးရှိက်ကြီးတငင် ကလေးတစ်ယောက်လိုမျိုး ငိုချမိပါတော့တယ်။
_____________

စေလိုရာWhere stories live. Discover now