"ငိုလို့ဝပြီလား"
"ကျေးဇူးပါ အကို"
"ကျေးဇူး တင်စရာမလိုပါဘူး၊ လဲစရာ အဝတ်အစားတွေရော ပါရဲ့လား အကိုသွားယူပေးရမလား ဆေးရုံက ဘယ်နှစ်ရက်တက်ရမှာလဲ ဆရာဝန်ကဘာပြောသေးလဲ"
"မေးခွန်းတွေများလိုက်တာဗျာ" လို့ ပြောကာပြုံးနေတဲ့ ဒီကောင်လေးက သိပ်ချစ်ဖို့ကောင်းတယ်။
"မင်း အခုလိုပြန်ပြုံးတာ ချစ်စရာကောင်းတယ်သိလား"
ကိုယ်တိုင်တောင်မသိပေမဲ့ Phuwin ကိုတော်တော်စိတ်ပူမိတာတော့အမှန်ပါ၊ အိမ်ကိုစရောက်ထဲက Phuwin နဲ့ နီးစပ်ဖို့ အမျိုးအမျိုးကြိုးစားခဲ့ပေမဲ့ သူ့ဘဝထဲမှာ ငါ့အတွက်နေရာ မရှိဘူးဆိုတာ ငါသိပါတယ်။
အမြဲကြိုးကြိုးစားစားနဲ့ ဂျစ်ကန်ကန်ကောင်လေးဆိုပေမဲ့ ကလေးလေးလို ငိုတက်တဲ့ အချိန်တွေလဲရှိပါတယ်။ ဘာမှန်းမသိ Phuwin ငိုတဲ့အချိန်တိုင်းမှာ ငါကရှိနေပြီး သူကတော့ ငါ့ရှေ့မှာတော့ ကလေးလေးတစ်ယောက်လို အမြဲငိုနေတယ်။ ဒီကောင်လေး ငိုနေတိုင်း ဖက်ထားပေးချင်တဲ့ စိတ်က သူ့ကို ချစ်တဲ့စိတ်ဆို ငါတကယ်ပဲ သူ့ကိုချစ်မိသွားတာလား။
"အကို တစ်ခုလောက်ကူညီပေးလို့ရမလား"
"ဘာကူညီပေးရမလဲပြောလေ"
"ကျတော်နဲ့ အနားမှာရှိပေးပြီး PPond ကျတော့်ကို မုန်းပြီး နာကျင်ပြီး ထွက်သွားအောင်လုပ်ပေးလို့ရမလား"
"အကို အကြောင်းပြချက်သိလို့ရမလား Phuwin
မင်းစိတ်ဆင်းရဲမှာကို အကိုမကြည့်ရက်လို့ပါ"
"အကြောင်းပြချက်က ကျတော်နေမကောင်းဘူးအကို ဘယ်အချိန်မှာ ဘာဖြစ်သွားမှာလဲ ကျတော်လဲမသိဘူး ကျတော်သာတစ်ခုခုဖြစ်သွားရင် PPond ရဲ့ သူ့ဘဝမှာ ကာကွယ်မပေးနိုင်ဘူးဆိုတဲ့ ထရမ်မာပြန်ရသွားမှာ အဲ့တာကြောင့် ကျတော် သူကာကွယ်ပေးချင်တဲ့ သူ မဖြစ်ချင်တော့လို့ပါ"
Phuwin ပြောတဲ့စကားတွေကိုကြားလိုက်တဲ့အချိန်မှာ သိလိုက်ရတာတော့ ဒီကောင်လေးက သူ့ချစ်ရတဲ့ သူကို အရမ်းချစ်တယ်ဆိုတာပါပဲ။ သူချစ်တဲ့ကောင်လေး မနာကျဉ်ရဖို့ သူနာကျင်ရတာကို ရွေးချယ်နေတာပဲ
"အကို မင်းကို ကူညီပေးလို့ရပါတယ်"
"ကျေးဇူးပါ အကို"
အနည်းဆုံးတော့ မင်းနာကျဉ်နေတဲ့အချိန်မှာ မင်းဘေးမှာရှိနေတဲ့လူက ငါဖြစ်နေရလို့ မင်းကိုကျေးဇူးတင်ပါတယ်။
___________
ညရောက်တော့ PDunk ကိုပြန်ခိုင်းလိုက်ပြီး တစ်ယောက်ထဲ အခန်းထဲမှာ အိပ်နေလိုက်တယ်။ နေမကောင်းတဲ့ လူလိုမျိုး အနားမှာ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်လို့လေ ဒါတောင်အတင်းပြန်ခိုင်းလိုက်ရတာ အဖေကလည်း တရုတ်ပြည်ရောက်နေတဲ့ အချိန်ဖြစ်နေတာရော ပါတာပေါ့
YOU ARE READING
စေလိုရာ
Fanfic"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"