အပိုင်း ၃

2.4K 126 3
                                        

အန်တီအင်း ပြန်မလာတဲ့ရက်တွေက နှိုးမဲ့လူလည်းမရှိ ဘာပဲဖြစ်ဖြစ် ဒီနေ့ပြန်လာမယ်ပြောထားတာပဲ အခုထိလဲ မရောက်သေးဘူး ဖုန်းဆက်လိုက်ရင်ကောင်းမလား ဟင်အင်းမကောင်းပါဘူး ပြန်လာမှာပေါ့ မပြန်လာတော့ရင်ရော ပြန်လာမှာပါ တစ်ယောက်ထဲ စဝေစဝါးတွေးရင် ဟိုးခြံဝကနေ လမ်းလျောက်လာတဲ့ အန်တီအင်းကိုလှမ်းမြင်လိုက်တော့ အပြေးသွားလိုက်တယ်။ ဘေးမှာလဲ ဆံပင်ရှည်ရှည် အကျီနွမ်းနွမ်း ဂျင်းဘောင်းဘီအတိုလေးနဲ့ အထုတ်နှစ်ထုတ်ဆွဲပြီး လိုက်လာတဲ့ သူမှာ အန်တီအင်းပြောတဲ့ သူ့တူဆိုတဲ့တစ်ယောက်ဖြစ်ရမယ်။
အနားရောက်တော့ အရပ်က ငါ့ထပ် နည်းနည်းမြှင့်ပြီး၊ ရွာကတက်လာတဲ့ ပုံစံပေမဲ့ အသားဖြူဖြူ ရုပ်ချောချောနဲ့ မင်းသားတောင်လုပ်လို့ရတယ် အဲ့ရုပ်ရည်နဲ့ဆို..
အန်တီအင်း အခန်းကလည်း ကျဉ်းပါတယ်ဆို သူ့တူကိုပါ အခန်းထဲ ဝင်နေရင် ကြမ်းပြင်ပေါ်အိပ်နေရအုံးမယ်၊ ဘေးအခန်းလဲ လွတ်နေတာဆိုတော့ ဘေးအခန်းပဲပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
အသက်က ၂နှစ်လောက်ကြီးပေမဲ့ ရုပ်ကနုနေတော့ ထင်တောင်မထင်ရဘူး ငါ့ထပ်ကြီးမယ်လို့၊
ညစာစားပြီး အိပ်ယာဝင်ဖို့ အခန်းထဲဝင်လာတော့၊ ရေကူးကန်ဘက်က ရေကူးနေတဲ့ အသံကြားလို့ အောက်ကိုငုံကြည့်တော့ ဟိုတစ်ယောက်ရေကူးနေတာပဲ။ ပျင်းတာရော၊ စကားပြောချင်တာရောကြောင့် အောက်ထပ်ကိုဆင်းလာပြီး စကားစလိုက်တော့တယ်။
"မင်း ရေကူးကျွမ်းကျင်တာလား"
ရုတ်တရက် လန့်သွားပြီး လှည့်ကြည့်တယ်၊ သူဘာကိုလန့်သွားတာလဲ ငါကပဲ သရဲနဲ့တူနေလို့လား
"ကျွန်တော် တောင်းပန်ပါတယ် အသိမပေးပဲ ကူးမိလို့"
"မင်း ရေကူးကျွမ်းတာလားလို့မေးနေတယ်လေ"
"ဟုတ် လှေပေါ်မှာပဲ မွေး၊ ရေထဲမှာကြီးပျင်းလာတာဆိုတော့ ရေကူးတာက တော်တော်လေး ကျင့်သားရနေပါပြီ"
"နောက်ပြန်ကူးနေတာတွေ့တယ် ငါ့ကိုသင်ပေးပါလား"
"ဗျာ"
"ဘာ ဗျာနေတာလဲ သင်ပေးလေ မင်းငါ့အိမ်မှာလဲနေသေးတယ်၊ ငါ့ရေကူးကန်လည်း သုံးသေးတယ် ငါ့ကိုရေကူးတော့ သင်ပေးလို့ရမှာပေါ့ ငါကရေကူးတက်ပြီးသား နောက်ပြန်ပဲမကူးတက်တာ"
"ဟုတ် သင်ပေးပါမယ် သခင်လေး"
"လာပြန်ပြီ နာမည်ပဲခေါ်"
"မဟုတ်တာ သခင်လေးကို သခင်လေးလို့ပဲခေါ်ပါရစေ"
"သဘောကွာ ထမင်းစားတုန်း အန်တီအင်းကပြောတယ် မင်း တတိယနှစ်တက်မှာဆို ကျောင်းမှာ ငါ့ကိုမသိသလိုပဲနေနော် ကြားလား"
"ဟုတ်"
"အင်း ဘာကိစ္စဖြစ်ဖြစ် ဝင်မပါနဲ့ ငါ့ဘာသာရှင်းနိုင်တယ်"
"ဟုတ်"
"အခုတော့ ဗိုက်တင်းနေတာ နောက်ရက်မှ သင်မယ် မင်းလဲ သရဲလိုမျိုးညကြီးအချိန်အတော် အသံမပေး၊အသိမပေးနဲ့ ကူးမနေနဲ့"
"ဟုတ်ကဲ့ပါ သခင်လေး"
တူကြီးနှစ်ယောက်လုံးက ခေါင်းမာလွန်းသည်၊ သခင်လေးလို့ ကျောင်းမှာပါ ခေါ်ရင်ဒုက္ခပဲ နဂိုထဲကကျောင်းကကောင်တွေနဲ့က မတည့်ပါဘူးဆို ဘော်ဒီကတ်လိုလို ဘာလိုလိုထားနေတယ်ဆိုပြီး လုပ်မှစောက်ပြသနာပဲ။

စေလိုရာWhere stories live. Discover now