ဆေးရုံက ဆင်းရတော့မယ် တော်ပါသေးတယ် မဟုတ်ရင်ပျင်းသေတော့မှာပဲ။ ကျောင်းလဲသွားချင်တယ်။ ခရီးလည်းထွက်ချင်တယ်။ ရေလဲကူးချင်တယ် လုပ်ချင်တာတွေများလိုက်တာ။
"သခင်လေး အထုတ်တွေအကုန် သိမ်းပြီးပြီမို့ ပြန်ကြရအောင်နော်"
"Pond ငါတို့ခရီးထွက်ကြမလား"
"ဟင် ဒီနေ့ချက်ချင်းကြီးလား"
"အင်း စိတ်ပြေလက်ပျောက် သွားချင်တယ်"
"အင်း ဒါဆိုလည်းသွားကြမယ်လေ"
"အိုကေ ဒါဆို ငါတို့ အိမ်ရောက်တာနဲ့
ကားယူပြီးသွားကြမယ်နော်"
"ဟုတ်"ဒီလိုနဲ့ အနီးစပ်ဆုံး ပတရားမြို့ကို နှစ်ယောက်ထဲ ခရီးထွက်လာခဲ့ကြတယ်။ တစ်လမ်းလုံး Pond ကပဲ ကားမောင်းပေးခဲ့ပြီး ငါကတော့ ဘေးကနေ သီချင်းဆိုရင်း လိုက်ခဲ့တာပေါ့...
"တကယ်လို့ ငါသေသွားရင်မင်းငိုမှာလား"
"မဟုတ်တာတွေ မေးနေပြန်ပြီ"
"တကယ်ပြောတာ ငါသိချင်လို့"
"အင်း သခင်လေး သေသွားရင် သခင်လေးနောက်
ကျွန်တော်လိုက်လာခဲ့မယ်လေ"
"အမယ် မင်းက ဘာလို့ငါ့နောက်လိုက်မှာလဲ"
"ဘာလို့လဲဆိုတော့ ကျွန်တော်က သခင်လေးရဲ့ သက်တော်စောင့်လေးကို"
"တော်ပါ"
နှစ်ယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ရင်းမောရင်း ခရီးနှင်လာခဲ့တယ်။"မင်္ဂလာပါရှင့် ဘာများကူညီပေးရမလဲရှင့်"
"အခန်းတစ်ခန်းလိုချင်လို့ပါ"
"ဟုတ် ဘယ်နှစ်ညတည်းမှာလဲရှင့်"
"၂ညပါ"
"ဟုတ်ကဲ့ ကုတင်က Single bed နှစ်ခုယူချင်လား၊ Double bed ပဲယူမလားရှင့်"
"မင်းဘာယူချင်လဲ Pond"
"သခင်လေးသဘော"
"ဒါဆို Double ပဲပေးပါဗျ"
ဘာပဲဖြစ်ဖြစ် အိပ်မပျော်ရင် ဖက်အိပ်လို့ရတာပဲ ဟဲဟဲ
"ဟုတ် ဒါဆို ID လေးပေးပါအုံးနော်၊
ဒါကအခန်းသော့ပါ အထုတ်တွေက Reception မှာထားခဲ့လို့ရပါတယ် ညီမတို့ လိုက်ပို့ပေးပါမယ်ရှင့်"
"ဟုတ် ကျေးဇူးပါဗျ"
YOU ARE READING
စေလိုရာ
Fanfiction"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"