အပိုင်း ၅

184 21 5
                                    

ချစ်ခြင်းမေတ္တာကို စာဆိုပါဆို ငါ့အတွက်အချစ်ဆိုတာ ငါ့အနားမှာရှိနေတာပဲ၊ ငါချစ်တဲ့လူတွေကို ငါ့နားမှာပဲရှိစေချင်တယ်။
အတ္တဆန်တဲ့ အချစ်မျိုးလို သတ်မှတ်ရင်လည်း သဘောပေါ့။
"ငါ အသက်ရှူကြပ်တယ် Pond"
အချိန်ကျလာပြီ ထင်တယ် ရင်ဘက်ထဲအောင့်ပြီး၊ အသက်ရှူရတာ အဆင်မပြေတော့ဘူး။ နေမကောင်းတဲ့ လူတစ်ယောက်ဖြစ်နေတာ စိတ်ကုန်မိတယ်။
"အာ သခင်လေးဆေးသောက်ရတော့မဲ့ အချိန်မဟုတ်လား"
"အင်း"
"ဒါဆို ပြန်ရအောင်လေ စိတ်လျော့လိုက်တော့နော်"
"အင်း မင်း ငါ့အနားမှာ အကြာကြီးနေပေးနော်"
"ဟုတ်"

ဒီလိုနဲ့ နှစ်ယောက်သားအိမ်ပြန်လာကြတယ်။
တစ်ညလုံး အိပ်မပျော်ဘူး၊ စိတ်ထဲမွန်းကြပ်တယ်။ အိပ်ယာထဲက ထွက်လာပြီး Pond တံခါးကိုသွားခေါက်တော့
"မအိပ်သေးဘူးလား" ဆိုပြီး တံခါးလာဖွင့်ပေးတယ်။
"ငါ အိပ်မပျော်လို့ မင်းနဲ့အိပ်လို့ရလား"
"ရပါတယ်"
ဒီလိုနဲ့ နှစ်ယောက်သား ကုတင်ပေါ်မှာလှဲရင်း
"အချစ်ဆိုတာ ဘာလဲမင်းသိလား"
"ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ပူလောင်စေတဲ့ အရာလည်းဖြစ်သလို၊ အေးချမ်းစေတဲ့ အရာလို့လဲထင်တယ်၊ တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ အချစ်က ပျော်ရွှင်မှုလို့ ထင်ရပေမဲ့ ပူလောင်စေပြီး၊အေးချမ်းတာလည်း တစ်ပြိုင်နက်ထဲ ခံစားရတယ်"
"ဒါဆို မင်းကချစ်ဖူးလို့လား"
"မချစ်ဘူးဘူး"
"အဲ့တာမှန်း သိသလိုဘာလို့ပြောနေတာလဲ"
"အော် အချစ်ဆိုတာဘာလဲဆိုလို့ ကျွန်တော်ထင်တာပြောတာလေ"
"ဟဟ"
"ဒါဆို သခင်လေးကရော ချစ်ဖူးလား"
"အင်း ချစ်ဖူးတယ် ငါ့အတွက်အချစ်ကတော့ ရယူပိုင်ဆိုင်ခြင်းပဲ ငါချစ်တာပဲဖြစ်ဖြစ် သဘောကျတာပဲဖြစ်ဖြစ် ငါရအောင်ယူချင်တယ် ငါအရာအားလုံးကိုရပေမဲ့ တစ်ခါမှ ချစ်ခြင်းမေတ္တာကိုတော့ မရခဲ့ဘူးဘူးမင်းသိလား"
"သခင်လေးကို တကယ်တော့ အားလုံးကချစ်ကြပါတယ်"
"မင်းရော"
"ဗျာ"
"မင်းရောလို့"
"ကျွန်တော်လည်း ချစ်ပါတယ်"
သဘောကျလို့ ပြုံးလိုက်မိတယ်
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ Pond က ငါ့အပေါ်ကောင်းတယ်လို့ ခံစားရတယ်။
သူ့ဆီက ရတဲ့ ခံစားချက်ကဘယ်သူနဲ့မှမတူဘူး။

စေလိုရာWhere stories live. Discover now