အပိုင်း ၁၃

156 24 2
                                    

ဒီစံအိမ်တော်ကြီးမှာ အခုလိုမျိုးနေရဖို့ ၅နှစ်တောင် စောင့်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သခင်လေးဆိုတဲ့ Phuwin Tangsakyuen ကြောင့်ပေါ့ လွန်ခဲ့သော ၅နှစ်ထဲက ဒီအိမ်တော်ရဲ့ သခင်ကြီး Khon Tangsakyen နဲ့ ကျမနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး မကြာဘူး သခင်မကြီး Mattaya က အဲ့စိတ်နဲ့ရယ်၊ သူ့နှလုံးရောဂါနဲ့ ဆုံးပါးသွားတယ်။ တကယ်တော့ ဒါကျမအပြစ်မဟုတ်ပါဘူး။ မချစ်တော့တဲ့ ယောကျာ်းကို ဖက်တွယ်နေပြီး ခံစားနေတဲ့ သူ့အမှားပေါ့။ အဲ့ချိန်ထဲက Phuwin က ကျွန်မကိုမုန်းလို့ အကို့ကို ကျမပိုင်ဆိုင်ဖို့ သိပ်ကိုခက်ခဲခဲ့တာ မရတော့ဘူးတောင်ထင်နေမိသေးတာ။
အခုလိုမျိုး ဒီအိမ်ရဲ့ သခင်မကြီး ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

"အကို Phuwin တောင်ကျောင်းပြီးတော့မယ်၊ နိုင်ငံခြားကို ပညာသင်ဖို့မလွှတ်ဘူးလား"
"သူ သွားချင်မှလွှတ်လို့ရမှာပေါ့"
"ဟင် သွားခိုင်းလိုက်ပါ သူကောင်းဖို့ပဲကို"

သူသာသွားလို့ကတော့ ကုမဏီနဲ့ပိုင်ဆိုင်မှုတွေ ငါ့နာမည်လွှဲပြောင်းဖို့ လုပ်ရမယ်။ ဒီအဘိုးကြီးကို ၅နှစ်လုံလုံး သည်းခံလာတာ အရမ်းချစ်လို့မှန်းထင်လားမသိ။

"အင်းဟုတ်ပါတယ် ပြောတော့ပြောကြည့်လိုက်အုံးမယ် ကျောင်းပြီးဖို့ကလည်း သိပ်မလိုတော့ဘူးဆိုတော့ ကုမဏီကို လာခိုင်းစေချင်တာ"
"ဟာ အကိုကလည်း ကုမဏီကိစ္စတွေက ညီမလေးလုပ်မှာပေါ့ ကလေးက ဒီတာဝန်တွေယူဖို့မဖြစ်နိုင်သေးပါဘူး"
"အင်း စဉ်းစားပါအုံးမယ် မင်းအိပ်တော့လေ အကိုအလုပ်ကိစ္စ လက်စသက်လိုက်အုံးမယ်"
"ဟွင့်ပြီးရော အာဘွား"

စေလိုရာWhere stories live. Discover now