အပိုင်း ၂၁

419 58 4
                                    

"ကျတော် အကို့ကိုမချစ်တော့ဘူး"ဆိုတဲ့စကားတစ်ခွန်းက အရာအားလုံးကို တကယ်ကြီးဆုံးရှုံးသွားပြီလို့ သတိပေးလိုက်တဲ့ စကားတစ်ခွန်းလိုပါပဲ။

Phu win စီက အဲ့စကားကြားလိုက်တဲ့အခါမှ ငါ့ဘဝတစ်ခုလုံး မဲမှောင်သွားပြီး ငါဘာမှမကြားရတော့ဘူး။ ငါ့နားထဲမှာ ဘာအသံမှ မကြားရတော့ဘူး။ အရာအားလုံးက တိတ်ဆိတ်သွားပြီး ငါ့နှလုံးခုန်သံတောင် ငါမကြားရတော့ဘူး။ အရှိန်ပြင်းပြင်းနဲ့ ကားကို မောင်းနှင်လာတုန်း ရုတ်တရက် ဝေဝါးလာတဲ့ အမြင်အာရုံနဲ့၊ အရှိန်ပြင်းပြင်း မောင်းနှင်တာကြောင့် ကားက သစ်ပင်ကို သွားတိုက်မိပြီး မတော်တဆမှုဖြစ်သွားတယ်။

သတိပြန်ကပ်လာတဲ့အချိန်မှာ ကားထဲက ထွက်ဖို့ကြိုးစားပေမဲ့ ငါ့ခန္တာကိုယ်ကလှုပ်မရ မျက်လုံးတွေဝေဝါးလားပြီး သွေးတွေက ခေါင်းကနေ မျက်စိနားထိစီးကြလာတယ်။

"လုပ်ကြပါအုံး အထဲမှာလူမေ့နေပြီ" ဆိုတဲ့ အသံတစ်ခုကို နောက်ဆုံးကြားလိုက်ရပြီး နိုးလာတော့ ဆေးရုံရောက်နေပြီ အမှောင်ချထားတဲ့ အခန်းထဲမှာ ငါတစ်ယောက်ထဲ..
"အကိုနိုးလာပြီလား ကျတော်ဆရာဝန်သွားခေါ်ပေးမယ်နော်"
ခပ်သွပ်သွပ်ငယ်ငယ်နဲ့ ကောင်လေးက ဆရာဝန်ကို အပြေးခေါ်လာခဲ့ပြီး ထိုဆရာဝန်ကတော့ ငါ့မျက်စိတွေကို မီးနဲ့ထိုးပြီး ငါ့ကို သူ့အသံကြားရလားမေးနေတယ်။
"ကျတော်ကြားရပါတယ်ကျတော်ဘယ်ရောက်နေတာလဲ"
"ဆေးရုံမှာပါဗျ ကားမတော်တဆဖြစ်ပြီးတော့ တခြားဘာမှတော့ထွေထွေထူးထူး မဖြစ်ခဲ့ပါဘူး ဒါမဲ့ ခြေထောက်ကတော့ ဂရုစိုက်ရမယ်ဗျ အရမ်းကြီး သက်သာနေတာမျိုးတော့ မဟုတ်ဘူး၊ ပြီးတော့ မေ့နေတာတော့၂ရက်လောက်တော့ ရှိသွားပါပြီ"
"ဗျာ"
ချက်ချင်း ကောက်ထပြီး ဆေးရုံကဆင်းဖို့လုပ်တော့
"နေပါအုံး အကို နေ့လည်လောက်ဆင်းချင်ဆင်းပါဗျ ချက်ချင်းကြီး ထသွားရင် ခြေထောက်ထိခိုက်ပါအုံးမယ် ဓာတ်မှန်ရိုက်တာ လုပ်သွားပါအုံး"
"မင်းက ဘယ်သူလဲ"
"အော် ကျနော် နာမည် Lego ပါ အကိုမမှတ်မိဘူးလားဟင် ကျတော်တို့ တွေ့ဖူးတယ်လေ"
ဆံပင်ခရမ်းရောင် ပုပုသေးသေးနဲ့ ဒီကောင်လေးက ငါ့ကိုတွေ့ဖူးတယ် ပြောပေမဲ့ ငါမမှတ်မိပါ။
"Sorry နော် အကိုမမှတ်မိလို့"
"အာ စိတ်မကောင်းဖြစ်သွားပြီ ရပါတယ် အကို ကားကို ကျတော် ပြင်ဆိုင်ပို့ပေးထားတယ် အဲ့ကိုလိုက်ပို့ပေးရမလား"
"ကျေးဇူးပါ အကိုနာ့မည် Pond ပါ"
"သိတယ်လေ အကိုနဲ့ တွေ့ဖူးပါတယ်ဆို"

စေလိုရာWhere stories live. Discover now