အပိုင်း ၃၂

1.7K 108 2
                                        

ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်း မမှတ်မိတဲ့သူတွေ၊ မသိဘူးဆိုတဲ့ လူတွေကို တော်တော်ညံ့တာပဲလို့ ငါထင်သည်။
သည်လောက် အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကို သူတို့ ဘာလို့ သတိမထားမိကြတာလဲ။ ဘဝမှာ အမြဲအောက်မေ့ အမှတ်ရစရာ ကူးပြောင်း မှုတစ်ခုကို လူတိုင်း သတိရသင့်တယ် မဟုတ်လား။
ငါ့အတွက်ကတော့ Phuwin ကိုစချစ်မိတဲ့ အချိန်က သူ့ကို စောင့်ရှောက်ပေးရမယ်ဆိုတဲ့ အသိစဝင်နေတဲ့ နေ့ကတည်းကပင် ဖြစ်သည်။ ဘယ်လောက်ထိ ချစ်မိသွားမယ်ဆိုတာ ငါမသိခဲ့ပေမဲ့ ငါစချစ်မိတဲ့ အချိန်မှာတော့ ဒီကောင်လေးက ငါ့ဘဝရဲ့ အရာ အားလုံးဖြစ်လာခဲ့တယ်။

မင်္ဂလာခမ်းမ ထဲမှာ အဖြူရောင်ဝတ်စုံနဲ့ ခန့်ညားပြီး ချောမောနေတဲ့ ထိုကောင်လေးက ငါ့ချစ်ရတဲ့ တစ်ဦးတည်းသော ကောင်လေးဖြစ်သည်။ ငါ့မျက်စိရှေ့တင် ထိုကောင်လေးက ငါ့အနားကို တစ်ဖြည်းဖြည်းလျောက်လှမ်းလာတယ်။ လျောက်လှမ်းလာတဲ့ ခြေလှမ်းတိုင်းက ရင်သက်ရှူမောဖွယ်ဖြစ်လာအောင် ချောမော၊လှပလွန်းသည်။ ယောကျာ်းလေးတစ်ယောက်က ဒီလောက်တောင် ချောမော၊ လှပ စရာ လိုလို့လားတောင် စိတ်ထဲကနေ ငါ့ကိုယ်ငါပြန်မေးမိတဲ့ အထိ။ ခန်းမထဲမှာလည်း လက်ခုပ်သံတွေက ကျယ်လောင်ပြီး အားလုံးက အပြုံးတွေနဲ့ ငါတို့ကို ကောင်းချီပေးနေကြတယ်။

မျက်စိရှေ့တည့်တည့်တွင် ထိုကောင်လေးက မတ်တပ်ရပ်လျက်ရောက်ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း လက်တွေကို ကိုင်ထားလျက်...
ထိုအချိန် ဖာသာက မေးခွန်းတွေစမေးပြီး ၊မင်္ဂလာပွဲကို စတင်လိုက်ကြတယ်။

စေလိုရာWhere stories live. Discover now