Phuwin နောက်ကို လိုက််မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်က စပြီး ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တစ်ခုပဲ ရှိတော့တာအမှန်ပါ။ ဘဝမှာ ပိုင်ဆိုင်ချင်တာဆိုလို့ Phuwin ကလွဲရယ် ဘာမှမရှိပါ။
"သားPond မတွေ့ရတာကြာတော့ တော်တော်လေး ပြောင်းလဲသွားတယ်နော်"
"ဟုတ် အန်ကယ်ရော နေကောင်းရဲ့လား"
"ကောင်းပါတယ် သားကို
အန်ကယ်တစ်ခုလောက်မေးလို့ရမလား"
"ဟုတ်မေးပါ အန်ကယ်"
"ဘာလို့ သားငယ် အနားကို ပြန်ရောက်လာတာလဲ"
"ကျတော် Phuwin အနားက တစ်ခါမှထွက်သွားဖို့ မကြိုးစားခဲ့ပါဘူး အခုလည်း ပြန်ရောက်လာတယ်ဆိုတာထပ် သူ့ကို ထပ်ပြီး မဆုံးရှုံးရအောင် ကာကွယ်ချင်တာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်"
"အန်ကယ် နားလည်ပါတယ်၊ သားငယ်ရဲ့ အပြုအမှုတွေကြောင့် မင်းတို့နှစ်ယောက်လုံး နာကျင်ခဲ့ရတယ်ဆိုတာလည်း သိပါတယ်"
"ကျတော် Phuwin ရဲ့ ဆန္ဒတွေအားလုံး လက်ခံပေးခဲ့တာ သူ့ကိုချစ်တဲ့ စိတ်တစ်ခုတည်းကြောင့်ပါ၊ အခု သူ့အနားပြန်ရောက်လာတာလဲ သူ့ကိုချစ်တဲ့စိတ်ကြောင့်ပါပဲ"
"တကယ်တော့ သားငယ်က ကျန်းမာရေးက တဖြည်းဖြည်းပိုဆိုးလာတာ Pond မင်းသိရဲ့လားတော့ အန်ကယ် မသိဘူး Phuwin ကတော့ မင်းကို မပြောလောက်ဘူးဆိုတာ အန်ကယ်သိတယ် အန်ကယ် ဒီစကားတွေ ပြောဖို့ အခွင့်အရေးထပ်ရတုန်းပြောပါရစေ"
"ဗျာ"
အန်ကယ်ပြောနေတဲ့ စကားတွေကို ငါနားမလည်နိုင်..
"မင်း မသိသေးဘူးမဟုတ်လား အဲ့တုန်းက သားငယ် မင်းအပေါ်လုပ်ခဲ့တာတွေ အားလုံးက သူ့ကျန်းမာရေးအခြေအနေကြောင့်ဆိုတာ။ မင်းကို သူ့အနားကအတင်းတွန်းထုတ်နေခဲ့တာတွေ မင်းကိုနာကျဉ်အောင်လုပ်နေတာတွေ အားလုံးက သူ့ကျန်းမာရေးအခြေကို သူသိနေလို့"
"ကျတော် တကယ်ပဲမသိခဲ့ဘူး တကယ်ဆို သူနေမကောင်းလဲ ကျတော် သူ့အနားမှာ ရှိနေပေးမှာကို သူ့ကိုကျတော် ဘယ်လိုနည်းနဲ့မှ ထားရစ်ခဲ့မှာ မဟုတ်ဘူးလေ"
"အေး မင်း အဲ့လို သူ့အနားမှာ ကပ်နေမှာ၊ မင်းစိတ်ပူမှာကို သူမလိုလားဘူး Pond။ အခုလည်း ဘာလို့ မင်းသူ့အနားမှာ နေနေတာကို ပြန်လက်ခံလဲ အန်ကယ် နားမလည်ပေမဲ့ သူ့ကျန်းမာရေးက နိုင်ငံခြားကိုသွားကုမှ ရတော့မှာ Pond, သူ မင်းကို အနားမှာ ပြန်နေခိုင်းတဲ့ ရည်ရွယ်ချက်က သူနိုင်ငံခြားမှာ ဆေးကုဖို့ ပလန်ကို လက်လျော့လိုက်မယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်မိနေရင်တော့ အန်ကယ် မင်းကို သူ့အနားထွက်သွားဖို့ ဖိအားပေးမိမယ်ထင်တယ်"
"ကျတော်"
"ဘာပဲဖြစ်ဖြစ် အန်ကယ် မင်းကိုတစ်ခုတောင်းဆိုချင်တာကတော့ နှစ်ယောက်လုံး နာကျဉ်ရမဲ့ လမ်းမရွေးဘဲ တစ်ယောက်မဟုတ် တစ်ယောက် အဆင်ပြေမဲ့လမ်းကိုရွေးစေချင်တယ်။ အကယ်၍ Happy Ending ဖြစ်ခဲ့မယ်ဆိုရင်တော့ အန်ကယ် အနှိုင်းမသိဝမ်းသာမှာပါ"
"ကျတော် Phuwin နဲ့စကားပြောကြည့်ပါမယ်၊ သူဘာလို့ ကျတော်ကိုမပြောတာလဲ ကျတော် အခုထိ နားမလည်နိုင်ဘူး"
"သူ မင်းကို သူ့ကိုယ်သူထပ် ပိုချစ်လို့ပေါ့"
YOU ARE READING
စေလိုရာ
Fiksi Penggemar"ကျန်ရှိတဲ့ လက်ကျန်ဘဝလေးကိုတော့ အကိုနဲ့ ကုန်ဆုံးချင်သေးတယ်" "အကိုလည်း ကျန်ရှိတဲ့ဘဝလေးကို အပြည့်အဝစောင့်ရှောက်ပေးပါရစေ Phuwin"
