အပိုင်း ၃၃

1.7K 101 2
                                        

"အကို မှတ်မိသေးလား"
"ဟင် ဘာကိုမှတ်မိရမှာလဲ"
"ကျတော်တို့ စတွဲတုန်းက ပြောခဲ့တဲ့ အပျော်ဆုံးအချိန်ဆိုတာလေ"
"အမ်း အခုက အပျော်ဆုံး အချိန်လို့ ပြောပြီး Phuwin က အကို့ကို နောက်ထပ်အပျော်ဆုံးအချိန်ရှိပါ့မလားပြောတော့ အကိုက အကိုတို့ မင်္ဂလာဆောင်တဲ့ အချိန်ပေါ့လို့ ပြောခဲ့တဲ့ စကားမဟုတ်လား"
"အမယ် မှတ်မိသားပဲ အခုရော ပျော်ရဲ့လားခဗျာ"
"အရမ်းကို ပျော်ပါတယ်ခဗျ"

မင်္ဂလာပွဲလေးက အောင်မြင်စွာပြီးဆုံးသွားတဲ့အပြင် ငါတို့နှစ်ယောက်နဲ့ မင်္ဂလာဦးညနှင့် မင်္ဂလာနံနက်ခင်းလေးကလည်း ချိုမြိန်လွန်းသည်။ ငါတို့က တခြားလူတွေလို ဟန်းနီမွန်း တန်းထွက်ရအောင်လည်း အချိန်မရတော့ ငါဆေးကုပြီး ပြန်လာမှ ဟန်းနီးမွန်းထွက်ဖို့ အကိုနဲ့ သဘောတူထားလိုက်တယ်။

"Phu win အကိုစိတ်ချမယ်နော်"
"စိတ်ချပါ အန်တီအင်းတစ်ယောက်လုံးပါတာကို တစ်ခုခုဆို အန်တီအင်းက ဆက်သွယ်လိမ့်မယ်နော်"
"ဟုတ်တယ် သားငယ် စိတ်မပူနဲ့ Phuwin လေးကို အန်တီအင်း သေချာဂရုစိုက်လိုက်ပါမယ်"

ဒီတိုက်ပွဲကိုတော့ ကျတော်တစ်ယောက်ထဲ တိုက်ပါရစေ အကို အကယ်၍များ ဒီတိုက်ပွဲကျရှုံးခဲ့ရင်တောင် အကို့မျက်ရည်တွေ ငါ့လက်ပေါ် ပူပူနွေးနွေးကျမှာကို ငါမလိုလားဘူး။ ငါ အဆင်ပြေမှာပါ..
တစ်ချို့သော် ပျော်ရွှင်မှုတွေက ခဏပဲလား၊ တစ်သက်လုံးလားဆိုတာ ဘုရားသခင်ကပဲ ဆုံးဖြတ်ချက်ချပေးတာ မဟုတ်လား။

"သခင်လေး အဆင်ပြေရဲ့လား"
"ကျတော် ရင်ဘက်ကအောင့်ပြီး အသက်ရှူမဝဘူး"
"လေယာဉ် ဆင်းတာနဲ့ ဆေးရုံတန်းသွားကြမယ်နော်"
"ဟုတ် အန်တီအင်း"

စေလိုရာWhere stories live. Discover now