အခန်း-၁

698 28 0
                                    

အလွမ်းတွေနဲ့ သေနေတဲ့သစ်ပင်
(MINSETWAI)

"လူငယ်တစ်ယောက်ရဲ့ ဘဝမှာ...
အချစ်ဆိုတာကြီးနဲ့
နပမ်းထိုးသတ်ခဲ့ဖူးတယ်ဆိုတာ
ဆန်းတော့မဆန်းပေမယ့်
လူငယ်တစ်ယောက်ရဲ့ ရင်ထဲမှာ
တသသ ဖြစ်လောက်အောင်
စွဲကျန်ရစ်ခဲ့တယ် ဆိုရင်တော့
ဒါဟာ ဆန်းတယ်............။ ။ "

အခန်း_၁

စတင်နွမ်းလျသွားမိတာက မရဲ့အကြည့်စူးစူးတွေကြောင့်ပါ။
ထောင့်ကပ်ကြည့်နေတဲ့ မရဲ့မျတ်ဝန်း
သူငယ်အိမ်ထဲမှာတောင်
ကျွန်တော်သိမ်ငယ်ပျောက်ရှနေ
သယောင်ယောင်။
ကျွန်တော် ဘာတွေကို သတိလတ်လွတ်
ဖြစ်နေမိတာပါလိမ့်...။
ဒါက အရင်တစ်ခါ မဖြစ်စေရဘူးလေ။
ကျွန်တော်ကျရှုံးခဲ့တဲ့ ပုံရိပ်မျိုး မ မြင်သွားဖို့ မသင့်တော်လှဘူး။

ဒီအချိန်မှာ မာနကို တံခွန်ထူထားရမယ်။

ပြီးတော့ အတိတ်တွေဟာ အတိတ်တွေအတိုင်းပဲ ရှိနေရမယ်။
ဘယ်လိုကြောင့် ပုံစံပြောင်းလဲသွားခွင့်
ပေးလို့မဖြစ်တာသေချာတယ်။

စွဲလမ်းမူကြိုးတွေကို ထောင်ချောက်တွေလို ကျွန်တော်သဘောထား
နေထိုင်ရမယ်။

ကျွန်တ်ာဟာ ပန်းမပွင့်၊ နေမသာတဲ့ကမ္ဘာတစ်ခုထဲမှာ အရင်အတိုင်းနေ
ထိုင်သွားရမယ်။

ဒီပညတ်ချက်ကို ကျွန်တော်လည်မှာ ကျွန်တော်စွဲထားရမယ်။ ဟုတ်တယ်။
ကော်ဖီတွေတောင် အခါးဓာတ် ပျောက်ရှသွားကုန်ကြတယ်။

ကျွန်တော်ဟာ အလွမ်းတွေနဲ့ ​သေနေတဲ့ သစ်ပင်တစ်ပင်ပဲ...ဖြစ်တယ်။

ဒီသစ်ပင်မှာ မေ့ထားလို့မရနိုင်ခဲ့တဲ့
အတိတ်လေးတွေ ရှိခဲ့တယ်။

အဲဒီလိုမျိုး....

ရင်ဘတ်မှာ ကျန်ရစ်ခဲ့တဲ့
အမာရွတ်တစ်ချို့ကို ကျွန်တော်​ ဟာ တယုတယ နဲ့ ပွတ်​သပ်​နမ်းရှိုက်ရင်း ဟိုး...​ဝေး​ဝေးကို
မျှော်လင့်ချတ်​မျတ်လုံးတွေနဲ့
ငေးနေခဲ့ရတယ်...။

တကယ်တော့ ပြန်ဆုံနိုင်ခြင်း၊
ပြန်မဆုံနိုင်ခြင်းဆိုတာ ကံကြမ္မာရဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ပြီပဲလေ။

ဆိုတော့ ကျွန်တော် တတ်နိုင်တာက အတိတ်ကို ထိုင်လွမ်းနေရုံမှတစ်ပါး
အခြားနတ္တိပါပဲလေ။

အလွမ်းတွေနဲ့...သေနေတဲ့သစ်ပင်Where stories live. Discover now