First Love - Suga (Wings album,solo song)

266 14 0
                                    


##################

ငါ့မှတ်ဥာဏ်ရဲ့ ထောင့်တစ်ထောင့်မှာ
နေရာတစ်ခုယူထားတဲ့ အညိုရောင်piano
ငယ်စဉ်အချိန်က အိမ်ရဲ့ထောင့်
တစ်နေရာမှာ နေရာယူထားတဲ့ အညိုရောင်piano

အဲ့တုန်းက မှတ်မိသေးတယ် ငါ့အရပ်ထက် တော်တော်လေးမြင့်တဲ့ အညိုရောင်piano ငါ့ကိုဆွဲမြှူနေခဲ့တယ်..
မင်းကို တမော့မော့နဲ့ကြည့်ရင်း ကြည်ညိုနေခဲ့တယ်
ငါ့လက်ချောင်းသေးသေးလေးတွေနဲ့ မင်းကိုအသာအယာထိကိုင်ခဲ့တဲ့အချိန်ဝယ်
I feel so nice mom I feel so nice.
ဒီတိုင်း လက်သွားရာအတိုင်းတီးခတ်ခဲ့တဲ့ ကီးဘုတ်..
အဲ့တုန်းက မင်းရဲ့အဓိပ္ပာယ်ကို မသိခဲ့ဘူး
ငေးကြည့်နေရုံလေးနဲ့တင် ပျော်နေခဲ့တာလေ...

အဲ့တုန်းက မှတ်မိနေတယ် မူလတန်းအရွယ်လောက်
ငါ့ရဲ့အရပ်က မင်းအရပ်ထက် မြင့်သွားတဲ့ အဲ့အချိန်မှာ..
အဲ့လောက်ထိမြတ်နိုးခဲ့တဲ့ မင်းကို ကျောခိုင်းမိရင်း
ကျောက်စိမ်းအဖြုအလားထင်ရတဲ့ ကီးဘုတ်ပေါ်မှာ ဖုန်တွေတင်စပြုလာရင်း  ...

အဲ့တုန်းကလည်း ငါမသိခဲ့ဘူး ..
မင်းရဲ့အဓိပ္ပာယ် ငါဘယ်ကိုရောက်ရောက် မင်းကတော့ အမြဲအဲ့နေရာလေးမှာပဲ ရှိနေပေးခဲ့တယ် …
ဒါပေမယ့် အဲ့တာဟာနောက်ဆုံးအကြိမ် ဖြစ်သွားမယ်ဆိုတာ မသိခဲ့မိဘူး ..
ဒီလိုထွက်မသွားပါနဲ့ …
you say
"ငါထွက်သွားလည်း စိတ်မပူပါနဲ့။ မင်းကိုယ်တိုင် ကောင်းကောင်း ဖြတ်ကျော်နိုင်မှာပါ။ မင်းကို စတွေ့ခဲ့တဲ့ အဲ့အချိန်ကို သတိရမိတယ်။ အချိန်တိုလေးအတွင်းမှာပဲ  မင်းကဒီအရွယ်ကြီးတောင် ရောက်လာပီကွာ။ငါတို့ရဲ့ဆက်ဆံရေးက အဆုံးသတ်သွားခဲ့ပေမယ့် ငါ့ကိုလုံးဝ အားမနာပါနဲ့။ဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ် ငါ့ကိုပြန်တွေ့ရမှာပါ။ အဲ့တချိန်ကျရင် ဝမ်းပန်းတသာနဲ့ကြိုဆိုပေးပါကွာ "

အဲ့တုန်းက မှတ်မိနေသေးတယ် မှောင်မိုက်စွာလုံးဝမေ့လျော့နေခဲ့မိတဲ့မင်းကို နောက်တစ်ကြိမ် ပြန်ဆုံတွေ့ခဲ့ရတဲ့အချိန် ၁၄နှစ်သားအရွယ်လောက် …
အနေခက်တာကလည်း ခဏပါပဲ ..
နောက်ထပ် မင်းကိုအသာအယာ ပြန်ထိတွေ့ခဲ့တယ်။
အချိန်အကြာကြီး ခွဲနေခဲ့ရပေမယ့် လုံးဝငြင်းပယ်မှုမရှိဘဲ … ငါ့ကိုလက်ခံပေးခဲ့တယ် မင်း
without you I'm nothing
သန်းခေါင်ယံကျော်လွန်ပြီး နှစ်ယောက်အတူကြုံတွေ့ခဲ့တဲ့မနက်တွေ...
ထာဝရ မင်း ငါ့ရဲ့လက်ကို မလွှတ်ပါနဲ့ကွာ
ငါလည်းမင်းကို နောက်ထပ် လက်မလွှတ်တော့ဘူး။

အဲ့တုန်းက မှတ်မိသေးတယ် ငါ့ရဲ့ဆယ်ကျော်သက်ဘဝနောက်ဆုံးအချိန်တွေ
အတူဖြတ်သန်းရင်း အနာဂတ်ကို တစက်ကလေးတောင် မမြင်ခဲ့ရတဲ့အချိန်တွေ … ငိုလိုက် ရီလိုက်နဲ့
မင်းနဲ့အတူဖြတ်သန်းခဲ့ရလို့ အဲ့အချိန်တွေကအစ အခုချိန်မှာ အမှတ်တရတွေဖြစ်ကုန်တယ် ....
ကြေမွသွားတဲ့ ပခုံးကို ဆုပ်ကိုင်ပြီးပြောခဲ့တယ်။
ငါတကယ် ဒီ့ထက်ပိုပြီးရှေ့မဆက်နိုင်တော့ဘူးလို့  :'( 
အရှုံးပေးချင်မိခဲ့တဲ့အချိန်တိုင်းမှာ မင်းငါ့အနားမှာနေပီး ပြောပေးခဲ့တယ် "ဟေ့ကောင် မင်းတကယ်လုပ်နိုင်ပါတယ်ကွာ" လို့

ဟုတ်တယ် ဟုတ်တယ် အဲ့အချိန်ကိုမှတ်မိနေတယ် ...
ပင်ပန်းပြီး ငါလေလွင့်နေခဲ့တဲ့ …စိတ်ဓာတ်ကျမျှော်လင့်ချက်ကင်းမဲ့တဲ့
နွံနက်ထဲ ကျနေခဲ့တဲ့အချိန်… ငါမင်းကို အဝေးတွန်းထုတ်ပြီး၊ မင်းနဲ့ဆုံခဲ့ရတာကို မုန်းတီးအပြစ်တင်ခဲ့လည်း မင်းကတော့ငါ့အနားမှာ တစက်မရွေ့ဘဲ စောင့်ကြည့်ပေးနေခဲ့တယ် ဘာစကားမှမပြောပေမယ့်လည်း ...
အဲ့ဒါကြောင့်မို့ လုံးဝ မင်းငါ့ရဲ့လက်ကိုမလွှတ်ပါနဲ့
နောက်တစ်ကြိမ် ငါမင်းကိုလက်လွတ်ခံမှာ မဟုတ်တော့လို့
ငါ့ရဲ့မွေးဖွားခြင်း ပြီးတော့ ငါ့ရဲ့နောက်ဆုံးထွက်သက်
အရာအားလုံးကိုစောင့်ကြည့်မယ့်သူက မင်းဖြစ်နေလို့ပဲ

ငါ့မှတ်ဥာဏ်ရဲ့ ထောင့်တစ်ထောင့်မှာ
နေရာတစ်ခုယူထားတဲ့ အညိုရောင်piano
ငယ်စဉ်အရွယ်က အိမ်ရဲ့ထောင့်
တစ်နေရာမှာ နေရာယူထားတဲ့ အညိုရောင်piano

BTS songs Burmese translations Where stories live. Discover now