part-6(A)

8.3K 659 7
                                    

■ MUFL's💓story ■

No1.နင်သူ့ကိုရင်းနှီးအောင်အရင်လုပ်ရမယ်

ဖူဂျိုရှီး ၄ယောက်ရဲ့ အမိန့်ကြောင့် ပိုင်မင်းခန့်တစ်ယောက် ကျောင်းကိုစော စောလာကာ ဆိုင်ကယ်စတန်း တွင် ဆိုင်ကယ်ပေါ်ထိုင်၍ ဘိုးတော်ပေါက်စ လေးအလာ စောင့်နေလိုက်သည်...

MUFLက ဆိုင်ကယ်စောင့် လူကြီးတွေကတောင် လူကိုကွက်ကြည့် ကွက်ကြည့်ဖြင့်..ဆိုင်ကယ်ခိုးမလို့များထင် နေသလားပဲ...တော်သေးတာပေါ့ ဒီနေ့ဟာ သောကြာနေ့ဖြစ်ပြီး ကျောင်းအင်္ကျီ ပုဆိုး ဝတ်ရသည့်နေ့ပင်..ကျွန်တောလည်းဝတ် ထားသဖြင့် MUFLကျောင်းသားမှန်းသိ၍ဘာမှမပြောခြင်းဖြစ်ပေလိမ့်မည်..

ရင်းနှီးအောင်လုပ်ဖို့ကလွယ်ကူလှသည်။
အဘယ့်ကြောင့်ဆိုသော် သူရော ကျွန်တော် ရောက ယောက်ျားလေးတွေ ဖြစ်နေသော ကြောင့် သူ့ဘက်က ဆိုးဆိုးဝါးဝါး မတုန့်ပြန်လောက်...

ခံပေဦးပေါ့ပိုင်မင်းခန့်ရေ...

ဟော...ဘိုးတော်ပေါက်စလေး ကျောင်းဝင်းထဲဝင်လာလေသည်။ ကျွန်တော့ကိုမမြင်လောက် ဆိုင်ကယ်ထားပြီး ထွက်သွားလေသည်။လည်ကတုံးအင်္ကျီအဖြူရောင်နဲ့MUFLကျောင်းပုဆိုးလေးနဲ့ကျွန်တော့ရဲ့ဘိုးတော်ပေါက်စလေးဒီနေ့စွန်းချစ်စရာ ကောင်းလွန်းနေသည်။

ကြာကြာတွေးနေလို့မဖြစ် တော်ကြာ စကားမပြောမိတ်မဖွဲ့လိုက်ရဘဲနေဦးမယ်..ကျွန်တော်လည်း သူ့နောက်မှ သုတ်သုတ် သုတ်သုတ် ဖြင့်ပြေးလိုက်ရလေသည် ။

"ဟေ့..လင်းထက်ပိုင်!"

ကျွန်တော်သူ့နာမည်လှမ်းခေါ်လိုက်တော့
ဘိုးတော်ပေါက်စလေး အူကြောင်ကြောင်လေးနဲ့ လှည့်ကြည့်ပါသည်
ကျွန်တော်ကိုမြင်မှ...

"ကျွန်တော့ခေါ်တာလားဗျ.."

သူ့နာမည်ကြီးကြားရဲ့သားနဲ့ သူ့ခေါ်တာလား လို့မေးလာသည် ။ ကျွန်တော်လည်း စ ချင်လာသဖြင့်...

"မင်းနာမည် လင်းထက်ပိုင် မလား..
မင်းခေါ်တာပေါ့ကွ..!"

ကျွန်တော်ပြောတာလည်းဆုံးရော နှုတ်ခမ်းကို ရွဲ့ပစ်လိုက်ပြီး..

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now