part-9

7.7K 548 4
                                    

■ MUFL's 💓 story ■

MUFL ၏ Food Fair ပွဲအား လက်မှတ်ဝယ်ထားသောအပြင်လူများလည်း လာဝယ် လာစားခွင့်ရှိသည်။ ထို့ကြောင့် MUFL ကြီး နဂိုကထက်ပို၍စည်ကားကာ လူရှုပ်နေပေသည်။

ကျောင်းကသေးပါသည်ဆိုမှ လူရှုပ်တော့ ပိုင်မင်းခန့်တစ်ယောက်စိတ်အိုက်နေလေသည်။ ညာဘက်ဘေးတွင် ကျွန်တော့သူငယ်ချင်းမ Second yr queen အေးအေး ရှိပြီး ဘယ်ဘက်တွင် ပေါက်စ ရှိသည်။ဘေးတွင် ပေါက်စ ရှိ၍သာ ဟန်မပျက် ပြုံးနေရသည်။ ပေါက်စ၏ဘေးတွင် fourth yr prince ရှိသည်။
ၶၶ
ဓာတ်ပုံလာရိုက်သောသူများသည်ကျွန်တော် နှင့်ပေါက်စကြားသို့ဝင်ကာဓာတ်ပုံလာရိုက်ကြသည်။ အလယ်ဖြစ်၍ရိုက်သည်ကိုစိတ်ထဲမှသိသော်လည်း ခုလု ခုလု နိုင်သည်။ ရံဖန်ရံခါ စီနီယာ အစ်ကို များကကျွန်တော်တို့၂ယောက်ကြားဝင်သောအခါ ပုခုံးဖက်၍ဓာတ်ပုံများရိုက်ကြသည်။

ပိုင်မင်းခန့်အားဖက်သည်မှာကိစ္စမရှိ။
ပေါက်စအားဖက်သည်မှာကိစ္စရှိသည်။
စီနီယာများက သဘောရိုးသော်လည်း မကြိုက်ပါ။ မနှစ်သက်ပါ။
ယောက်ျားလေးချင်းဖက်သည်မှာပြောစရာ တစ်ခုမဟုတ်။ သို့သော် ပုခုံးအားဆွဲဖက်လိုက်သောအခါ သူများရင် ခွင်အောက် ရောက်ရောက်သွားပုံကို ကျွန်တော် ကြည့်နေနိုင်လောက်သည်ထိ မေတ္တာမထားနိုင်ပါ။ဥပုပ်သည်တစ်ယောက်လို မစောင့်စည်းနိုင်ပါ။

လာသည့်လူတိုင်းအားအပြုံးကလေးဖြင့်တုန်ပြန်သော ပေါက်စ အားဆွဲဆောင့်ပစ်ချင်သည်။ တော်ရုံ ချစ်ဖို့ကောင်းသည်ကိုလက်ခံသည်။

ကိုယ့်အာရုံမှာပဲချစ်ဖို့ကောင်းအောင်နေပါ ပေါက်စရာ။ သူများတွေမင်းအပြုံးမှာကြွေ မှာကိုယ်မလိုလားဘူး..

ကျွန်တော်တစ်ယောက်သာလင်းထက်ပိုင်အားကြည့်ရင်း သဝန်တိုလိုက် အသည်းယားလိုက် ဂျယ်လီနင်လိုက် ဖြစ်နေသည်။

မပိုင်ခင်လေးကတော့ထိုင်ကြည့်နေရုံပဲပေါ့ဗျာ

ကျွန်တော့ခေါင်းထဲဝင်လာတာတစ်ချက်က ချစ်ခွင့်ပန်လိုက်ရတော့မလား ဟူ၍။

စိတ်ဆိုးတာတွေ ဆွဲထိုးတာတွေဖြစ်လာနိုင်ပေမယ့်
မေတ္တာပေး မေတ္တာပြန်ရလောက်ပါသည်။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now