■ MUFL's 💓 Story ■
🌸 ခွဲခွာခြင်းက ဘုရားကပေးတဲ့အပြစ် ဆိုရင် မင်းနဲ့ တွေ့ဆုံခြင်းကိုတော့ ဘုရားပေးတဲ့ ဆုလာဘ်လို့ မှတ်ယူထားတယ်🌸
_______________________
■ MUFL's 💓 Story ■
GINKI Bar&Restaurant ၏ ထောင့်တနေရာတွင် လူငယ်နှစ်ယောက် ထိုင်နေ၏။
စားပွဲပေါ်တွင် ဘီယာ ခွက်များနှင့် ပြည့်နှက်လျက်။
""ခုတလော မင်းနဲ့ ငါနဲ့တောင် အေးဆေး မတွေ့ဖြစ်ဘူးနော် ငရှိုင်း""
ပိုင်မင်းခန့် က ဘီယာခွက်ထဲမှ ဘီယာတစ်ကျိုက်အား အရသာခံသောက်ရင်း ပြောလာသည်ကို ရှိုင်းအောင်ထောက်ခံသော သဘောဖြင့် ခေါင်းညိမ့်လိုက်သည်။
""အေးကွာ ငါတို့တွေ ဘီယာ တူတူသောက်ခဲ့တာ ဘယ်ချိန်ပါလိမ့် မေ့တောင်မေ့နေပြီ""
အချိန်အကြာကြီး မတွေ့ကြသည့် သူငယ်ချင်းသဖွယ် ပြုမူနေကြသည်။
"" မင်းက မင်းရည်းစားရတော့ ငါတို့ကို ပလစ်တာပါကွာ ငါတို့နဲ့ကို မနေတော့ဘူး""
အရည်လေးကနည်းနည်းဝင်တော့ ရှိုင်းအောင် တစ်ယောက် အသံကလေးက အာကျယ်အာကျယ် ဖြစ်လာသည်။
""အဲ့လိုမဟုတ်ပါဘူးကွာ....""
ပိုင်မင်းခန့်မှာ တကမ္ဘာလုံးမှ လူများ သူ့ဘက် မရှိသည့် ရုပ်မျိုးဖြင့် ဘီယာအားနောက်တပျိုက်ထပ်မော့ပြန်သည်။
""ဒါနဲ့ ဒီနှစ် Major Farewell တက်မှာမို့လား""
The whole Farewell အား ပိုင်မင်းခန့် မတက်မိ၍ စီနီယာ များ သိပ်မကြည်ကြ။ ထို့ကြောင့် Major Farewell ပွဲ တက်ရန် ကြံရွယ်ထားသောကြောင့် ရှိုင်းအောင် စကားကို အင်း တစ်လုံးသာ တုန့်ပြန်လိုက်သည်။
""မင်းရော....?""
ပိုင်မင်းခန့်ပြန်မေးသော မေးခွန်းကိုလည်း ရှိုက်းအောင် ခေါင်းညိမ့်ပြီး သာ ဖြေလိုက်သည်။
""ငါ မင်းနဲ့ တွေ့တုန်း မေးရဦးမယ် ငပိုင်""
ရုတ်တရက် ခန္ဓာကိုယ်ကြီး ရှေ့အနည်းငယ် တိုးလာပြီး အလန့်တကြားပြောလာသော ရှိုင်းအောင် ကြောင့် ဘီယာ သောက်မလို့ လုပ်နေသော ပိုင်မင်းခန့်ပင် အင်တင်တင်ဖြစ်သွား၏။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉
