part-29

6.1K 381 0
                                    

■ MUFL's 💓 story ■

ကျောင်းဝင်းပေါက်ကနေ ခါတိုင်းလို ဆိုင်ကယ်လေး အေးဆေး စီးလာနေသော ပိုင်မင်းခန့်။

ဆိုင်ကယ်အား သူ့နေရာသူ ရပ်ပြီး လေလေးချွန်ကာ ကန်တင်းသို့ တက်ကြွသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေမိသည်။

အဘယ်ကြောင့်ရယ်မသိ ဆိုင်ကယ် စတန်းမှ စင်ဝင်အောက်ထိ မိမိအား အားလုံးက ဝိုင်းကြည့်နေသလိုခံစားရသည်။

The whole King မို့ကြည့်တာ မဆန်းသော်လည်း ယခု မိန်းကလေး များ၏အကြည့်မှာ အဓိပ္ပါယ်တစ်မျိုးဖြစ်နေသည်။

"မထင်ရဘူးနော်.."

"မဟုတ်ပါဘူး ငါအစတည်းကထင်ပြီးသား ဇွတ်ကျားလေး လို့ ဟိ ဟိ"

နောက်မှ ကပ်လိုက်လာသော မိန်းကလေး နှစ်ယောက်၏ ခပ်တိုးတိုး အတင်းတုပ်သံ သည် ပိုင်မင်းခန့်ဆီသို့ သဲ့သဲ့လေး ပျံ့နှံ့လာသည်။

ဘာကြီးလဲ....။

ဇွတ်ကျားလေး က ဘာလားပဲ။

ပိုင်မင်းခန့်မှာ သူတို့ပြောသည့်အဓိပ္ပါယ်အား စဉ်းစားခန်းဝင်နေတုန်း

"နင်ကလည်း မဟုတ်နိုင်ပါဘူး
ဂျင်း လားမသိ"

"မသိဘူးဟာ သင်္ဘောစီးမယ် ဂျင်း ဟုတ် ဟုတ် မဟုတ်ဟုတ် OTP အသစ်ရပြီ"

ထပ်ပြောလာသော စကားအနက်အဓိပ္ပါယ် ကြောင့် ပိုရှုပ်ထွေးသွားသည်။

ဘာတွေမှန်းမသိ။

နောက်က ကောင်မလေး ၂ယောက် မှာ မည်သူ့ပြောလို့ပြောနေမှန်းမသိသော်လည်း ပိုင်မင်းခန့်မှာ တော်တော် နေရခက်နေသည်။

သူတို့၂ယောက် စကားတွေရဲ့ အနက်တွေက တစ်မှောင့် ကွက်ကြည့် ကွက်ကြည့်သွားကြသော မိန်းကလေးတွေက တစ်မှောင့်။

တစ်ချို့ဆို ရယ်တောင်သွားကြသည်။ ပြုံးစိပြုံးစိ ဖြင့်ပင်။

ထို့ကြောင့် ဖုန်း မြန်မြန်ထုတ်ကာ မျက်နှာ မှာ ဘာပေ နေသလဲ မြန်မြန်ထုတ်ကြည့်ရသည်။

ထို့နောက် အင်္ကျီ ပုဆိုး တွေများ ပြောင်းပြန် ဝတ်သလားလို့ပေါ့ ။
ကိုယ့်ကို ကို ပြန်ကြည့်မိသည်။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now