💓မင်းနဲ့တွေ့ဆုံခွင့်ရခဲ့လို့💓

5.1K 327 16
                                    

■MUFL's 💓 Story ■

ကျွန်တော်ရဲ့လုပ်ရပ်အား အစီအစဉ်စီစဉ်သည် စီနီယာအစ်ကိုများက အံ့ဩတကြီးကြည့်နေသည်ကို အလေးမထားနိုင်။

ဂီတာတစ်လက်အမြန်တောင်းပြီး စင်နောက်က ထိုင်ခုံတစ်လုံးဖြင့်ထိုင်ကာ ကြိုးတွေကို ချိတ်ဆက်လိုက်သည်။

""大家好(အားလုံးပဲမင်္ဂလာပါဗျာ)
我是 二年级的白明看(ကျွန်တော်က ဒုတိယနှစ်က ပိုင်မင်းခန့်ပါ)""

အားလုံးအသံတိတ်ဆိတ်သွားပြီး အာရုံတွေက ကျွန်တော့ဆီရောက်လာသလိုခံစားလိုက်ရသည်။

ထို့နောက် ကျွန်တော်လျင်မြန်စွာ မျက်လုံးကစားကာ ပေါက်စကိုလိုက်ရှာမိသည်။

ဟော.....တွေ့ပါပြီဗျာ....

မခို့တရို့လေးပြုံးပြကာ ဖိုက်တင်း ဆိုသည့်သဏ္ဌာန်လုပ်ပြနေသည်။

ကျွန်တော်ရှာနေသည့် အရိပ်ကလေး နှလုံးသားတစ်ခြမ်းအားတွေ့သည်နှင့်တပြိုင်နက် ဂီတာကြိုးကို တီးခတ်လိုက်တော့ ကျွန်တော့ ဂီတာသံက ခန်းမအတွင်း ဟိန်းစွာထွက်ပေါ်လာလေသည်။

""我们哭了~~~~~~~~
ငါတို့ငိုခဲ့ကြတယ်

我们笑著~~~~~~~
ငါတို့ရယ်ခဲ့ကြတယ်

我们抬头望天空
ကိုယ်တို့တွေကောင်းကင်ကိုမော့ကြည့်ခဲ့ကြတယ်""

အဖွားအိမ်သွားခဲ့တုန်းက ကွပ်ပျစ်လေသာဆောင်တွင် ညဘက်ကောင်းကင်အားမျက်နှာမူပြီး ကြယ်တွေကြည့်ခဲ့ကြသည့်အချိန်အား ပြန်မြင်ယောင်ရင်း.....ထိုသီချင်းစာသားဆိုနေရင်းပြုံးလိုက်မိသည်။

""星星还亮著几颗
ကြယ်ကလေးတွေကလည်းထွန်းတောက်နေကြတယ်
我们唱著时间的歌
ကိုယ်တို့တွေအချိန်ဆိုတဲ့သီချင်းတွေဆိုရင်း
才懂得相互拥抱
အချင်းချင်းကူညီဖေးမရမယ်လို့နားလည်လာခဲ့တယ်
到底是为了什么
ဘာကိစ္စပဲရှိရှိလေ""

ထိုနေရာအပြီးတွင် ခဏရပ်လိုက်တဲ့အခါ ခန်းမအတွင်း တိတ်ဆိတ်မှု့ကြီးသာ ကျန်ခဲ့သည်။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now