part-16

6.9K 502 4
                                        

■ MUFL's 💓 story ■

ပုဂံTrip ဒုတိယမြောက်နေ့....
မနက်အစောကြီး ၆နာရီ ထကြရသည်။

ပိုင်မင်းခန့်တစ်ယောက် မျက်နှာသစ်သည့်နေရာတွင် လူများနေလို့ စောင့်နေရင်း အိပ်ချင်မူးတူးဖြစ်နေသည်။

မနေ့ညကကိစ္စပြန်တွေးလိုက်တိုင်း ပါးစပ်စိ မရနိုင်အောင်ပြုံးစိစိဖြစ်လွန်းသည်။

တကယ်တမ်းပြောရလျှင် သွားတိုက်မျက်နှာ တောင်မသစ်ချင်ပါ။

ထိုသို့ညစ်ညစ်ပတ်ပတ်တွေးနေခိုက်
ညဝတ်စုံ Naruto ပုံ ဝမ်းဆက်လေးဖြင့် မျက်နှာသစ်သည့်နေရာသို့လာနေသော ပိုင်မင်းခန့်၏အသစ်စက်စက်ချစ်သူလေးအား ငေးကြည့်မိသည်။

အိပ်ချင်စုတ်မွှားဖြင့် ရှေ့ဆံပင်လေးများ အနည်းငယ် ရှုပ်ပွနေသည်။
ပိုင်မင်းခန့် ကျိမ်ပြောရဲပါသည်။ သူလေးလည်း မနေ့ညက ကောင်းကောင်း အိပ်မပျော်လောက်ပါဘူး။

ထိုအချိန်တွင် အကြည့်ချင်း ဆုံမိသွားသောအခါ လင်းထက်ပိုင်၏ ပါးပြင်မှ ပန်းနုရောင် အချို့ ဖြတ်သန်းသွား သည်ကို ပိုင်မင်းခန့်တွေ့လိုက်သောကြောင့် ပြုံးမိပါသည်။

အမြန်ဘေးနားရောက်အောင်သွားသည်ပုံမှာ
Flash man တောင် ဆရာတင်သွားနိုင်သည်။

"ပေါက်စ"

ခပ်တိုးတိုးခေါ်မိတော့ လင်းထက်ပိုင်တစ်ယောက် ပြေးထွက်သွားမည်ကြံ သည်။

ဘယ်ရမလဲ။ ပိုင်မင်းခန့်လေ။ လက်ဆွဲပြီးမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်သည်။

"ဟောဗျာ...ဘယ်သွားမလို့လဲ
နေပါဦး စကားပြောနေတာကို"

ရယ်တဲတဲစကားသံဖြင့်ပြောမိလိုက်တော့ မဝံမရဲမျက်လုံးများဖြင့် လှမ်းကြည့်လာသည်။

"လက်ကိုလွှတ်ဦး"

အသံတိုးတိုး တိုးတိုးဖြင့်ပြောလာသော အနှီကောင်လေးသည် ကိုင်ပေါက်ချင်စရာ ကောင်းအောင်ချစ်စရာကောင်းပေစွ။

21.1.2018 တနင်္ဂနွေနေ့ မနက်ခင်းသည် ပိုင်မင်းခန့်အဖို့ အရာအားလုံးသာယာနေပေ သည်။

_______________________

■ MUFL's 💓 story ■

ပထမရက်တွင်ဘုရားတော်တော်များများလိုက်ပို့ပြီးပြီဖြစ်၍ ပုဂံ Trip ဒုတိယရက်တွင် Fresher welcome အတွက်စည်းစည်းလုံးလုံး ပြင်ဆင်နေကြသည်။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now