Zawgyi
အဆောက်အဦးကြီးတစ်ခုအောက်သို့ ကားတစ်စီး ထိုးရပ်လာပြီး ပါကင်ထိုးနေသည်။
ထို့နောက် ဝန်ထမ်းဖြစ်ဟန်တူသော လူငယ်တစ်ယောက်သည် ကားတံခါးကိုလာဖွင့်ပေးလေသည်။
ကားပေါ်မှလူငယ်သည် ကားပေါ်မှ မြန်မြန်ဆင်းပြီး ကျေးဇူးဟုပြောကာ ဘေးဘက်တံခါးကို ကိုယ်တိုင်ကိုယ်ကျ သွားဖွင့်ပေးနေလေသည်။
“ကျနော် ရင်တွေတုန်လိုက်တာ ဂျင်းကြီးရာ””
ကားပေါ်မှဆင်းဆင်းချင်းပြောလာသော စကားတစ်ခွန်း။
ဟုတ်ပါတယ် သူတို့ကတော့ ပိုင်ပိုင် စုံတွဲပါ။
ပိုင်မင်းခန့်လည်း ကားတံခါးကိုသေချာပြန်ပိတ်ပြီး ပေါက်စ၏လက်လေးကို ကိုင်တော့ တော်တော်လေးအေးနေသည်။
ဆောင်းရောက်ခါစ အအေးဓာတ်နည်းနည်းနှင့်တကွ စိတ်လှုပ်ရှားနေသော ကျနော့အကောင်ပေါက်လေး၏လက်ဖျားလေးများ အေးစက်နေသဖြင့် ကျနော့၏အာခံတွင်းငွေ့လေးပေးကာ ပြုံးပြလိုက်တော့ နည်းနည်းစိတ်သက်သာဟန်ဖြင့်သက်ပြင်းငွေ့ငွေ့ချနေသည်။
“”ကိုကို့အမေနဲ့တွေ့တုန်းကတော့ ဒီလောက် မကြောက်ခဲ့ဘူးထင်တယ်””
ဟာသ သံစွက်ကာပြောသော ကျနော့ စကားကို မျက်စောင်းလှလှလေး ထိုးကာ တုန့်ပြန်လာတော့ အသည်းယားမိသူက ကျနော်။
ထိုစဉ် ဖုန်းဝင်လာသောကြောင့် contact name က ထက်ထက်။
“”အင်း မိထက်””
“”#####””
အဆဲသံလေးတွေနှင့်အတူ ပျံလွင့်လာသော မိထက်ရဲ့ လေလှိုင်းထဲကအသံ။
“”ရောက်ပြီ ခု အောက်ကားပါကင်မှာ တက်လာခဲ့မယ် “”
“”——-“”
ဟိုဘက်က အပြောကို မစောင့်တော့ဘဲ မြန်မြန်ချကာ အပေါ်သို့ တလောတကြီး တက်ရသူက ကျနော်တို့၂ယောက်။
။။။။။။။။။။
ကျမ=အော်သာ🙈
အခန်းတစ်ခန်းထဲတွင် လိုအပ်သည်များစီစဉ်ရင်း ဖုန်းဆက်မိတော့ အောက်မှာရောက်နေပြီဆိုသဖြင့် ကျမနှင့်အတူ ဂျင်းပေါက်စ စုံတွဲအား ချစ်သူ fan လေးများသည် မြန်မြန် လှုပ်ရှားကြရတော့သည်။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉