part-5

9.2K 663 20
                                        

■ MUFL's💓story ■

အာ့နေ့က Fb acc တောင်းမယ်ဆိုပြီး ကျွန်တော် မတောင်းဖြစ် လိုက်ပါဘူး..
အာ့ဖူဂျိုရှီးမတွေရှေ့မှာ ပြောမထွက်ဘူး..
ပိုင်မင်းခန့်ရယ် မင်းက အာ့ကောင်လေးရဲ့ နာမည်လည်း မသိ ဘာမှ မသိဘဲနဲ့ ဘာဆက်လုပ်မှာလဲ..
မိန်းကလေးဆိုရင် လိုက်ဖို့ လွယ်ဦးမယ်.
ထားခဲ့တဲ့ရည်းစားတွေအကုန် တစ်ပတ်လောက် လိုက်ပြီး အဖြေပြန်ရခဲ့ တာတွေကြီးပဲ..ကျွန်တော့လို ရုပ်ရည်ကို ပြန်မကြိုက်တဲ့ မိန်းကလေးက ရူးနေလို့ ပဲနေမှာ ဒါပေမယ့် ဒါပေမယ့် ခုဟာ ခုဟာက..ရွတ်...ကောင်လေးတစ်ယောက် တဲ့....

စိတ်ညစ်ပါတယ် ဟိုကောင် ငရှိုင်း ကို ထပ်တိုင်ပင်သင့်သလား..
ငါတကယ်ပဲgayတစ်ယောက်ဖြစ်နေပြီလား.
မသိဘူးကွာ ခုရက်ပိုင်း စားမဝင် အိပ်မပျော် နဲ့ အာ့အကြောင်းပဲ တွေးနေမိတယ် အာ့ကောင်လေးနဲ့ မတွေ့ဖြစ်အောင် ထမင်းလည်းထွက်မဝယ် ကန်တင်းဘက်ကို မသွားဖြစ်အောင်ထိန်းထား ပေမယ့် ဟိုနေ့ က စီနီယာတွေခေါ်လို့ ပထမနှစ် အခန်း ရောက်ဖြစ်သွားသေး...မလိုက်ချင်ဘူးပြောပေမယ့် King ဆိုတော့ ကောင်မလေးတွေ attention ရအောင်လိုက်ခဲ့ကွာဆိုတော့ အားနာလို့လိုက်သွားလိုက်တယ် အင်း အားနာလို့ အားနာလို့..

ကျွန်တော် Attention လိုချင်တာ အာ့ဘိုးတော်ပေါက်စလေးဆီကဗျ အာ့စောင်ကလေးကငါခံစားနေတာတွေသိမယ့်ပုံလည်း မပေါ်ပါဘူး..

၁၅မိနစ်ကြာရင်အလိုလိုလွမ်းလာတယ် ဆိုတဲ့ သီချင်းတောင် မှန်နေသလားပဲ..

စောင်ကောင်လေးရာပြုစားလွန်းတယ် ငါ့ကိုမင်းရဲ့ ဘယ်အရာတွေက စွဲလန်းအောင် လုပ်ယူနေလဲကွာ...

မင်းရဲ့အပြဲုး..လား
မင်းရဲ့မျက်ဝန်း..လား
ချစ်စရာကောင်းနေတဲ့အမူအရာလေးများလား ကွာ....

ငါ့ဘဝမှာဘယ်သောအခါမှယောက်ျားလေး တစ်ယောက်ကိုလွယ်လွယ်ချစ်မိသွားမယ် တစ်ခါမှမတွေးဖူးဘူး အိပ်မက်ထဲတောင် မမက်ဖူးဘူးကွာ....

အိပ်ပျော်အောင်အိပ်ပါမယ်ဆို ခုထိအိပ်မရသေးဘူး အာ့အတွေးတွေဆီပဲ ရောက်ရောက်နေတယ်...ဟူး...
အိပ်ပျော်အောင် စာအုပ်ဖတ်မယ်ကွာ ဟိုတစ်နေ့က ငှားလာတဲ့ ကာတွန်းစာအုပ်..
ဟုတ်တယ် မျက်လုံးညောင်းရင် သူ့ဘာသာ အိပ်ပျော်သွားလိမ့်မယ်...

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now