လင်းထက်ပိုင်က ရယ်ကျဲကျဲဖြင့် အဖြေကို အရှည်ကြီး ဖြေပြီးနောက် သူ့ဘာသာရှက်ကာ လက်အချင်းချင်း ပွတ်နေသည်။
အမယ်လေးချွေတတ်လိုက်တာဟူ၍ မမများနှင့် မေးသူ ကောင်လေးကပင် ရယ်တဲတဲဖြင့် စနောက်နေကြသည်။
ထို့နောက် ပိုင်မင်းခန့်ဖုန်းမှအသံမြည်လာကာခဏဆိုပြီးထထွက်သောကြောင့်စကားစပြတ်သွားသည်။
ထိုစဉ် လင်းထက်ပိုင်တစ်ယောက်တည်းထိုင်နေသော နေရာတွင် ထက်ထက် လာထိုင်ပြီး
“”ကဲပါ ပြီးခဲ့တာတွေလည်းပြီးပြီပေါ့ ခုအဆင်ပြေနေပြီပဲကို “”
“”လင်းထက်ပိုင်ရေ မင်္ဂလာပွဲကျရင် အကုန်လုံးကိုဖိတ်ရမယ်နော်””
ရုတ်တရက်ကောင်မလေးတစ်ယောက်က ထအော်တော့ လင်းထက်ပိုင်မှာ
“”ဟာ မမတို့ကလည်း””
ဟူ၍သာ။
“”ခုထိ ပြန်အဖြေမပေးရသေးဘူးပေါ့””
လင်းထက်ပိုင်က အပြုံးလေးတစ်ခုနဲ့ ခေါင်းညိတ်လာသည်။
“”ဒါပေါ့ ဒီလိုမျိုးလုပ်သင့်ပါတယ် ပိုင်မင်းခန့်လည်း ခံစားဦးမှပေါ့နော့ “”
အားလုံးက ဝိုင်းထောက်ခံကြတော့ လင်းထက်ပိုင်မှာ ရယ်သာနေနိုင်သည်။
“”ခုဘို ကျနော်တို့ကိုချစ်ပေးကြတဲ့အတွက် မမတို့ကိုကော ဒီကအစ်ကိုတို့ကိုရော ကျေးဇူးပါ ကျနော် ဘယ်လိုတောင်ဖော်ပြရမလဲမသိဘူး အဲ့ခံစားချက်ကို””
“”ရပါတယ် ဂျင်းပေါက်စကိုကြည့်နေရင်ကို အမတို့က ပြောနေတာ””
“”ဟုတ်တယ် ဘာမှအားမနာနဲ့””
“”တကယ်လို့ ဂျင်းကြီးက တစ်ခုခုနှိပ်စက်ရင် မမတို့ကို အရင်ပြောနော်””
“”နင်ကလည်း ဂျင်းကြီး နဲ့ပေါက်စက တစ်ဦးဆိုင်နမ်ပါလို့ ပြောသွားတာကို မမှတ်ဘူး ကဲ””
“”အာ မေ့လို့ ဘွာတေး ခေါ်နေကြဖြစ်နေလို့ fic ဖတ်ပြီး ဟီး ဆော်ရီးနော်””
တစ်ယောက်တစ်ပေါက် ဖြင့် ဆူညံကာ ပြောလာသော်လည်း လင်းထက်ပိုင်မှာ အကုန် အလေးအနက်ပြုနားထောင်ပေးနေသည်။
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉