■ MUFL's 💓 story ■
မနက်ခင်းတွင် စီနီယာအစ်ကိုကြီး၊အစ်မကြီး များချက်ထားသော ထမင်းနှင့် ကြက်ဥ ကြော်အားစားကာ ကိုယ့်အိပ်ရာပြန်လာပြီး အိပ်ရေးမဝသဖြင့်ကွေးနေလိုက်သည်။
ပိုင်မင်းခန့် 1st yr နှစ်တွင် စားခဲ့ရသော ထမင်းသည် ရေခဲတုံးလိုအေးမြကာ ထမင်း အေးအနေဖြင့်စားခဲ့ရသည်။ ဒီနှစ်တွင်ကား ထမင်းပူပူကလေး၊ကြက်ဥကြော်လေးဖြင့် စားကောင်းနေသည်။ထို့နောက် ဘုရားများလိုက်ပို့တော့မည်ဖြစ် ကြောင်း ရှိုင်းအောင်ကလာခေါ်၍ ကားပေါ်သို့ အိပ်ချင်မူးတူးတက်သွားမိသည်။
ခဏအကြာ တွင်ရောက်လာသော ပေါက်စအားမြင်တော့ ရယ်ချင်မိသည်။
၂၀၁၈၏၁လပိုင်းဆောင်းဥတုဖြစ်သည့်အပြင် ပုဂံတွင်ဖြစ်သောကြောင့် အအေးဓာတ် လွန်ကဲနေသည်။ ထို့ကြောင့် အင်္ကျီအထူ အပွကြီးဝတ်ထားသည်။ပေါင်လယ်လောက်ထိ ရှည်သည်။ နဂိုကခန္ဓာကိုယ်သေးသည်ဆို မှ လူအားမမြင်ရ အင်္ကျီက ဖုံးနေသည်။ဒါပေမယ့်လည်း...
အွန်း လှတယ် ချစ်တာမို့။ကိုယ့်အတွေးနဲ့ကိုယ် ပြုံးတုံတုံဖြစ်နေတုန်း ဝင်ထိုင်လိုက်သောပေါက်စကြောင့် မျက်နှာပြန် တည်လိုက်ရသည်။
ပေါက်စမျက်နှာတော်အား မခို့တရို့လေး လှမ်းရှိုးကြည့်တော့ ခပ်ချေချေပုံစံ၊မျက်နှာ တင်းထားသည်။မနေ့ညကရင်ခွင်ထဲအိပ်ခဲ့သောပေါက်စနှင့်တစ်ယောက်တည်းလား။ နှစ်ကိုယ်ခွဲထားသလားအောက်မေ့ရသည်။
ချေသောမျက်နှာပေမယ့်လည်း...
အွန်း ချစ်ဖို့ကောင်းတယ် ချစ်တာမို့။_________________________
■ MUFL's 💓 story ■
ပထမဦးစွာ လောကနန္ဒာ ဘုရားအား သွားသည်။ ဘုရားရင်ပြင်တွင် 1st yr to final အကုန်စုphoto ရိုက်ပြီးသောအခါ အချိန်သည် ၁၀နာရီကျော်ကျော်ရှိနေပြီဖြစ် သည်။ ၁၀နာရီခွဲတွင် ကားပေါ်အရောက်ဟု ပြောထားသောကြောင့် ဘုရားရှိခိုးရန် အမြန် ပြေးကြရသည်။
ဘုရားရှိခိုးပြီးချိန်တွင် မိန်းကလေးအများစု သည် ဓာတ်ပုံ ကိုယ်စီရိုက်နေကြသည်။
![](https://img.wattpad.com/cover/140819095-288-k338595.jpg)
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
Romanceယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉