part-14

7.1K 495 16
                                    

■ MUFL's 💓 story ■

ပုဂံသို့သွားရာတွင်ပထမနှစ်နဲ့ဒုတိယနှစ်ကတစ်စီး၊ တတိယနှစ်နဲ့final ကတစ်စီး၊ မဆန့်သော သူများနှင့် final မှစီစဉ်သောစီနီယာများ၊ ဆရာ၊ဆရာမများကတစ်စီးဖြင့် သုံးစီးသွား ကြရသည်။

ကံဆိုးသည်လား။ကံကောင်းသည်လား။ မခွဲခြားတတ်။ အဘယ့်ကြောင့်ဆိုသော် ပိုင်မင်းခန့်ဘေး ထိုင်ရမည့်ပုဂ္ဂိုလ်ကား လင်းထက်ပိုင်ပင်။ စီနီယာများက စည်းစည်းလုံးလုံးဖြစ်စေရန် ကားပေါ်မတက်ခင်ထိုင်ခုံနံပါတ်များ မဲနှိုက်ထားခိုင်းသောကြောင့်ကပ်လျက်ဖြစ်သွားသည်။

ပိုင်မင်းခန့်ကားပေါ်ရောက်တော့ ကိုယ်တော်ချောက နားကြပ်တပ်ပြီးမျက်လုံးမှိတ်ကာ စတိုင်နဲ့ နေလေသည်။ပြတင်းပေါက်နားထိုင်ခုံမထိုင်ဘဲ ဘေးခုံထိုင်ထားသောကြောင့် သူ့ခြေထောက်အား မထိစေရန် ပေါင်ဖြဲ၍ ခွကာ ဝင်လိုက်သည်။

"ဂျင်း..ကြီး.."

"ဒုန်း"

"အ."

ပိုင်မင်းခန့်လန့်သွားကာ ခေါင်းပေါ်က ပစ္စည်း ထည့်ရန်ထားပေးထားသော box နှင့်တိုက်မိ သွားသည်။ထို့နောက်.......
လင်းထက်ပိုင်၏ပေါင်ပေါ်ထိုင်မိရက်သားဖြစ် နေသည်။

ခေါင်းထိပ် နာနေသောနေရာအား ဖိ၍ မိမိဝိညဉ်ပြန်ခေါ်နေခိုက်...

"ဂျင်းကြီး ဟီး..ရလား နာသွားသေးလား"

ပုခုံးသားပေါ်သို့ အင်္ကျီမှဖြတ်ကာ ဝင်လာသော ချစ်ရသူ၏ လေ သည်လေတိုက်နှုန်း တစ်နာရီမိုင် ၂၀၊ ၃၀ ထိရှိသော လင်းပြင်းများတိုက်ခိုက်သကဲ့သို့။
လူသည်အေးခဲကာ နှင်းရုပ်ထုသဖွယ် တောင့်တောင့်ကြီး အသက်ရှုရန်မေ့မျော နေမိသည်။

ထို့ပြင်လင်းထက်ပိုင်၏ပေါင်ပေါ်ထိုင်မိသဖြင့် ကြက်သီးများဖြန်းခနဲထနေတုန်း

"ဂျင်းကြီး.."

ထိုသို့ခံစားချက်ပေါင်းစုံဖြစ်ပေါ်နေခိုက် ရုတ်တရက် နာမည်ခေါ်ကာ ခါးအား လာကိုင်သော လက်တစ်စုံ။ ကျောပြင်အား လာကပ်သော ပါးပြင်တစ်ခု။

နောက်သို့လှည့်ကြည့်မိစဉ် မျက်နှာချင်း ဆိုင်ဖြစ်သွားသောအခါ၊ အကြည့်ချင်းဆုံမိသည့်အခါ၊
နှင်းရုပ်ထုကြီးအရည်ပျော်ကျကာ တစိကိုယ်လုံး အသားများပူနွေးလာသည်။ ခေါင်းပေါ်မှ Air-con ၏အအေးဒဏ် အားမမှု့။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now