Final(B)

8.2K 492 37
                                        


■ MUFL's 💓 Story ■

ဒေါ်အေးအေးခိုင် တစ်ယောက် ဧည့်ခန်းဆိုဖာပေါ်ထိုင်နေ၍ အချက်ချက်မြည်နေသော နာရီသံနှင့်အတူ အဖြေမထွက်သည့်ပုစ္ဆာတပုဒ်အား အထပ်ထပ်အခါခါစဉ်းစားနေမိသည်။

ထိုအခိုက် သားပိုင်ရဲ့တံခါးဆီမှ အသံကြားရ၍ ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။

""ဟာ....မေမေ မအိပ်သေးဘူးလား နောက်ကျနေပြီ ""

ဧည့်ခန်းမီးကိုဖွင့်ပြီးကျမကိုမြင်ကာ ပြောလာသော သားပိုင် သည် ကျမ မမြင်အောင် မျက်ရည်စများသုတ်နေသည်။

""အိပ်မပျော်လို့ပါသားရယ်""

""အိပ်တာမဟုတ်ဘူးမေမေရယ် တော်ကြာ အိပ်ရေးမဝလို့အားနည်းနေပါဦးမယ်""

""အွန်းပါ သားရယ် ဒီနေ့ညကမေမေ အိပ်မပျော်လို့ပါ သားကမအိပ်သေးဘူးလား""

""သားစာလုပ်နေတာ မေမေ""

ကျမသိတာပေါ့ သားကျမကိုအမြဲညဆေးတိုက်ပြီးတဲ့အခါတိုင်း သူ့အခန်းထဲမှာ စာလုပ်တယ်ဆိုပြီး စာအုပ်ပေါ်မျက်ရည်ကျနေတဲ့အကြောင်း။

ကျမ သိတာပေါ့ ကျမသားလေး ပိန်ပိန်လာတဲ့အကြောင်း။

ကျမ အတွေးတိမ်ခဲ့တယ်ထင်ပါတယ်။

ဒီအရွယ်လေးနဲ့အချစ်ကို ကိုးကွယ်တာ စိတ်ကစားတယ်ထင်ခဲ့တာ။

ကျမသားက တကယ်ကိုချစ်မိသွားတာပဲ။

ကျမ ဘယ်သူ့ကိုအပြစ်တင်သင့်သလဲ။

သေချာမထိန်းသိမ်းနိုင်ခဲ့တဲ့ကျမ အပြစ်လား။

သားရဲ့ ဝဠ်ကြွေးကြောင့်လား။

မသိတော့ပါဘူ။ တကယ်ကို ဘာမှမသိချင်တော့ဘူး။

သားကျိတ်ကျိတ်ငိုနေတုန်းက စစချင်းမို့ ခံစားရတာဆိုပြီး ကျမ လျစ်လျူရှု့ခဲ့တယ်။

ဒါပေမယ့် ဒီလောက်နှစ်တွေ တော်တော်ကြာတာတောင် မမေ့ပျောက်နိုင်ဘဲ ဖုန်းကိုကြည့်ကာ ကြည့်ကာဖြင့် မျက်ရည်ဝဲကာ လက်သီးဆုပ်ထားသော ကျမသားပုံရိပ်က မျက်စိထဲ အထင်သား။

""ခဏထိုင်ပြီး မေမေတို့စကားခဏ ပြောရအောင်""

ကျမ ပြောစကားနောက်တွင် ဆိုဖာပေါ်ထိုင်လာပြီး....။

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now