■ MUFL's 💓 Story ■
ပိတ်ရက်ကလေးတွင် အေးအေးဆေးဆေးနားနေချင်၍အိမ်တွင် နေသော်လည်း မတွေ့ရလျင်မနေနိုင်ပါဘူးဟုဆိုသည့် ဂျင်းကြီးသည် ယခု ကျနော့အားရှိသည်ဟူ၍ထင်သေးရဲ့လားမသိ။
ထို့နောက် ကျနော်စစ်ရန်တာဝန်ယူထားသည့်စာ များကူစစ်ပေးမည်ဟုသောရည်ရွယ်ချက်ဖြင့်လာသူသည် ယခုကျနော့အိပ်ယာထက်တွင်Pubg အားအသေအလဲဆော့နေလေသည်။
စိတ်ပျက်လက်ပျက် ကျွတ် တချက်သတ်၍ ကုတင်ပေါ်တွင်ထိုင်နေသော ဂျင်းကြီး၏ဘေးနားသို့သွားကာ ရစ်သီ ရစ်သီဖြင့် လုပ်နေသော်လည်း တစ်ချက်မှကြည့်မလာ။
""ကိုကို....""
မတတ်နိုင်။လက်နက်တွေထုတ်သုံးသင့်လျှင်သုံးရမည်။သုံးချိန်တန်သင့်နေလေပြီ။
""ဟင်....""
ဆော့ရင်းတန်းလန်း အကြည့်မလွဲဘဲထူးလာသောကြောင့်....
""ပြောတော့ ဘေဘီ့ကိုတွေ့ချင်လို့လာတာဆို ဘာလို့ အဲ့ဒါပဲထိုင်ဆော့နေတာတုန်း""
""အင်းလေ....ခဏပါပဲ ခဏ""
ပြီးပြီးရောဖြေလာသောကြောင့်နည်းနည်းတော့အစော်ကားခံသလိုခံစားရသည်။
သို့သော် နည်းနည်းမှလက်မလျော့နိုင်။
""စာစစ်ကူမယ်ဆို....""
မျက်မှောင်ကြုတ်ကာ ဆော့နေသော ဖုန်းအားဆွဲယူလိုက်သည်။
ယခုမှသူ့ရှေ့မတ်တတ်ရပ်နေသောကျနော့အား မော့ကြည့်လာပြီး သက်ပြင်းငယ်တစ်ခုချကာ....
""ဟုတ်ပါပြီဗျာ....""
ပြောရင်းကျနော့ခန္ဓာကိုယ်လေးအားဆွဲဖက်ကာကျနော့အားသူ့ပေါင်ပေါ်ထိုင်စေသောကြောင့်ဂျင်းကြီး လည်ပင်းအားလက်နှစ်ဖက်ဖြင့်သွယ်ကာ ထိုင်လိုက်သည်။
""ဘေဘီ့""
""ဂျင်းကြီးက ကျနော့ကိုတွေ့ချင်လို့ လာတာဆိုပြီး game ထိုင်ဆော့နေတာ။နောက်ခါ..game ဆော့မယ်ဆို ကိုယ့်အိမ်မှာကိုယ်ဆော့ဗျာ....""
""ဟုတ်ပါပြီကွာ....
ဘာလို့နှုတ်ခမ်းကြီးဆူထားတာလဲ။အခု ကိုကိုမဆော့တော့ဘူးလေကွာ....""
YOU ARE READING
🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode
عاطفيةယောကျာ်းလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်တဲ့အချစ်ကဘယ်လိုမျိုးလဲ~~~~~~ဘယ်သူကတွေးမိမှာလဲဗျာ..ကျွန်တော်ချစ်မိသွားတာ ကောင်လေးတစ်ယောက်လို့♡♡♡♡ Romance 🙊 Sweet_BL 🙈 Funny 🎉